Zawgyi
လင်းရိပ်ခတဲ့ညလေးကိုအဆုံးအထိဖတ်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ဖတ်ပြီးဆွေးနွေးပေးကြတဲ့သူတွေ Role Playerလေးတွေ အထူးသဖြင့်ကိုသွေးကို ကျေးဇူးအများကြီးတင်ပါတယ်။ Role Playerလေးတွေအကုန်လုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ RPတွေကြောင့်သာ ဒီဇာတ်လမ်းကိုအဆုံးအထိသယ်သွားနိုင်ခဲ့တာပါ။ စိတ်ဓာတ်ကျတိုင်းအားပေးကြတဲ့သူတွေအကုန်လုံးကိုလည်း ပြာပြာက ကျေးဇူးအများကြီးတင်ပါတယ်ရှင်။စကားလေးနည်းနည်းပြောမယ်နော်။ အချိန်ရမှဖတ်လို့ရပါတယ်။
ဒါကိုရေးတော့ Romance Is Deadလာက်မကောင်းမှာကိုတအားစိုးရိမ်ခဲ့တာ။ အဲဒီလိုစိုးရိမ်ခဲ့လို့နဲ့တူပါတယ်။ တကယ်လည်းလိုအပ်ချက်တွေတအားများခဲ့ပါတယ်။ အစပိုင်းတွေကအတော်လေးပျက်စီးနေတဲ့အထိကိုလိုအပ်ချက်တွေများခဲ့တာ။ ဒီFicကိုအဲဒီလောက်ဖိအားများသွားလိမ့်မယ်လို့ထင်မထားမိခဲ့တာ။ ဒါပေမယ့် ဒီတစ်ကြိမ်ပြန်ပြင်လိုက်တဲ့အချိန်မှာတော့ တကယ်သဘောကျမိပါတယ်။ Romance Is Deadထက်ကိုပိုသဘောကျမိတဲ့အထိပါပဲ။ အဆုံးသတ်အထိကိုပေါ့မသွားဘဲ သယ်သွားနိုင်တယ်လို့ထင်တာပဲ။ Ficနှစ်ခုက ပေးတဲ့ရသချင်းကလည်းကွဲပါတယ်။ ဒါလေးကတော့အတော်လေးငြိမ်တဲ့အပြင် characterတွေလည်းပိုပြီးပုံပေါ်လာသလိုခံစားရတယ်။
အထူးသဖြင့် လင်းရိပ်ခကိုပြာပြာအရမ်းသဘောကျပါတယ်။ စစချင်းရေးတုန်းက daddyတိမ်ကိုအရမ်းမိုက်မယ်ထင်ခဲ့တာ။ အခုပြန်ဖတ်တော့ လင်းရိပ်နဲ့စတွေ့တဲ့အခန်းမှာdaddyကိုမုန်းလိုက်တာ။ နှာဘူးကြီးကျနေတာပဲလို့ထင်မိတယ်။ အဲဒါပြင်လိုက်မလို့ပဲ။ ဒါပေမယ့် သူ့ဇာတ်ကောင်ကိုပေါ်ပါစေတော့ဆိုပြီးဒီအတိုင်းထားလိုက်ပါတယ်။ တကယ်လည်း တိမ်ရောင်စဉ်ဟာ အဲဒီလိုရုပ်လုံးပေါ်လာခဲ့ပါတယ်။ သူက အပြစ်ရှိတဲ့သူတစ်ယောက်ပေါ့။ တစ်ဖက်ကကြည့်ပြန်တော့ နာကျင်မှုတွေနဲ့ တစ်ဖက်ကကြည့်ပြန်တော့လည်း သူ့မှာအပြစ်တွေရှိနေတယ်။ ဒါက တကယ့်အပြင်မှာ လူသားတွေရှင်သန်ကြတဲ့ပုံပါပဲ။ စစချင်းရေးခဲ့တုန်းက တိမ်ရောင်စဉ်ရဲ့စတိုင်ကိုကြိုက်ခဲ့ပေမယ့် အခုတစ်ကြိမ်မှာတော့ အပြစ်တစ်ဝက်နာကျင်မှုတစ်ဝက်ရောထွေးနေတဲ့သူ့ပုံစံကိုပိုပြီးသဘောကျမိတယ်။
YOU ARE READING
လင်းရိပ်ခတဲ့ ည(လငျးရိပျခတဲ့ည)
RomanceZawgyi Romance Is Deadမှာ ခင်ဗျားတို့မုန်းတီးခဲ့တဲ့ မိုးညဆိုတဲ့ကောင်လေးရဲ့အကြောင်း။ ဆိုးသွမ်းခဲ့တဲ့သူ့ဘဝမှာရော ပျော်ရွှင်မှုဆိုတာကိုရှာတွေ့ပါ့မလား? ဒုတိယအကြိမ်အချစ်ဆိုတာဖြစ်ပေါ်လာခဲ့ရင်လည်း အဲဒီအချစ်ကို သူဆုံးရှုံးရလိမ့်မလား? Unicode Romance Is Deadမှာ...