Part-23

4K 471 25
                                    

Zawgyi
          နာရီဝက်လောက်ကြာသော် အမရာသည် မျက်ရည်များကိုသုတ်ပစ်လိုက်ကာ ဘာမှမဖြစ်သလို မတ်တပ်ထရပ်လိုက်လေသည်။ ဒီလိုငိုကြွေးနေလို့ဘာမှမထူး။ သူမပြဿနာတွေလည်းပြေလည်သွားမှာမဟုတ်သလို သူမကို ဘယ်သူမှသနားကြမှာမဟုတ်။

           သို့သော်…သူမတွေဝေနေမိတာ တစ်ကြိမ်မကတော့။

…ငါဘာလုပ်ရမလဲ…

          ထိုအကြောင်းကို သူမတွေးလိုက်မိတိုင်းအရူးမီးဝိုင်း ဆောက်တည်ရာမရခံစားရသည်ချည်း။ တိမ်ရောင်စဉ်ကိုသူမ ဆုံးရှုံးရမှာကြောက်သည်။ သူမ ပိုင်ဆိုင်ချင်သည်။ ထို့အတူပင် အမုန်းခံရမှာကိုလည်း သူမ ကြောက်မိပြန်သည်။

"နန်စီ…"

          အမရာလက်သီးကိုတင်းကြပ်စွာဆုပ်ထားလိုက်မိသည်။ နန်စီပြောခဲ့သောစကားများကို သူမ ယုံကြည်ရလိမ့်မည်။ နန်စီသည် သူမ၏တစ်ဦးတည်းသောသူငယ်ချင်း… ငယ်စဉ်ကတည်းက တစ်ဦးတည်းသော သူငယ်ချင်းဖြစ်တာကြောင့် နန်စီကိုသူမ ယုံကြည်ရလိမ့်မည်။

"ငါသူ့ကိုမယုံချင်လို့မရဘူး။မဟုတ်ရင် သူငါ့ကိုစွန့်ပစ်သွားလိမ့်မယ်။"

          ထို့နောက် အမရာပြုံးလိုက်မိသည်။ ပွဲမှာအလှဆုံးဖြစ်နေဖို့သူမ ပြင်ဆင်ရအုံးမည်လေ။

          နန်စီသည်လည်း ကားစက်နှိုးလိုက်ရင်း ပြုံးလိုက်မိလေသည်။ တိမ်ရောင်စဉ်သည် သူမအတွက်တော့ ကံကောင်းခြင်းများကိုသယ်ဆောင်လာပေးသူဖြစ်သည်။ သူမတို့မိသားစုသည် အမရာတို့လုပ်ငန်းစုနှင့်ပါတနာဖြစ်နေသော်လည်း အမရာတို့ကပိုမိုအင်အားကြီးကာ သူတို့ကလက်အောက်ခံလိုမျိုးဖြစ်နေခဲ့သည်။

          ငယ်ကတည်းကမိသားစုချင်းသိကျွမ်းခဲ့၍ အမရာနှင့်ခင်မင်ခဲ့သော်လည်း သူမကတော့ အမရာကိုလိုအပ်၍ပေါင်းသင်းခဲ့တာဖြစ်လေသည်။

          သို့သော် အမရာသည်လှပသည်။ ထူးချွန်သည်။ ချမ်းသာသည်။ ပုရိသတိုင်း၏အချစ်ကိုလည်းရရှိပြန်သည်။ ငယ်စဉ်ကတည်းက အမရာသည် သူမနှစ်သက်သောအရာများကိုပေးခဲ့သော်လည်း အမရာထက်ပိုသာချင်သောသူမဆန္ဒကိုမူ မဖြည့်ဆည်းပေးနိုင်ခဲ့။

လင်းရိပ်ခတဲ့ ည(လင်းရိပ်ခတဲ့ည)Where stories live. Discover now