Part-25

3.7K 462 69
                                    

Zawgyi
         မိုးည၏စာအုပ်များ ခြောက်သွားသောအခါတွင်တော့ လင်းရိပ်သည် ထိုစာအုပ်တို့ကို စားပွဲပေါ်တွင်သေချာစီထားလိုက်လေသည်။ သူသက်ပြင်းချလိုက်မိသည်။ သူအလုပ်တို့ကို ဖိဖိစီးစီးမလုပ်ဖြစ်ခဲ့သည်မှာကြာခဲ့ပြီ။

"ညစာစားပြီးရင်တော့ စာရင်းတွေကို အာရုံပြန်စိုက်မှပဲ။"

         ထို့နောက် လင်းရိပ်သည် မျက်ကပ်မှန်ကိုချွတ်လိုက်ပြီး မျက်မှန်ဝိုင်းလေးကို ဘူးထဲမှထုတ်ကာ တပ်လိုက်လေသည်။

         အချိန်အတော်ကြာစာရင်းများထဲတွင်အာရုံရောက်နေပြီးသည့်နောက် လင်းရိပ်၏မျက်လုံးတို့ မှေးစင်းလာကာ အလုပ်များလုပ်နေရင်းပင် အိပ်မောကျသွားလေတော့သည်။

         မိုးညသည်လည်း အိမ်စာလုပ်ရန်စာအုပ်များကို ပြန်လာယူရာ အလုပ်စားပွဲပေါ်တွင် မှောက်ကာ အိပ်မောကျနေသော လင်းရိပ်ကိုတွေ့လိုက်ရလေသည်။

...ခင်ဗျားကတော့ အမြဲနမော်နမဲ့နဲ့...

         မိုးညသည် စိတ်မကောင်းဖြစ်စွာသက်ပြင်းချလိုက်မိလေသည်။ သူခိုးသူဝှက်ပေါလှသော ဤမြို့ကြီးတွင် ဂရုတစိုက်နေထိုင်သင့်သည်မှာ မှန်သော်လည်း ထိုလူသားသည် တံခါးကိုပင်သော့ခတ်မထားဘဲ အိပ်မောကျနေလိုက်သေးသည်။

         သူ့မျက်မှန်သည်လည်း ဖိအိပ်ထားမိတာကြောင့် အပေါ်ဘက်သို့ရွဲ့စောင်းနေလျက်။ ဖြူဖွေးသောအသားရည်နှင့်လိုက်ဖက်စွာ နှုတ်ခမ်းဖူးဖူးက အခုမှပို၍သိသိသာသာစိုစွတ်ကာပန်းရောင်ပြေးနေလေသည်။ ဆံသားပျော့ပျော့တို့ကလည်း နဖူးပေါ်အုပ်ကျကာ ဆွဲဖွချင်စဖွယ်။ တစ်ခြမ်းစောင်း၍အိပ်နေတာကြောင့် ပါးပြင်ဖွေးဖွေးနှင့် သွေးကြောမျှင်လေးများက မီးရောင်အောက်တွင်အထင်းသားဖြစ်နေလေသည်။

         မိုးညပြုံးလိုက်မိသည်။ ဒီပုံစံနှင့် စတွေ့ချိန်တုန်းကလည်း ကလေးတစ်ယောက်ဟုမြင်ခဲ့မိတာ သူ့အလွန်တော့မဟုတ်။ ထိုလူကသာ အသက်နှင့်မလိုက်အောင်ချစ်ဖို့ကောင်းလွန်းနေခြင်းဖြစ်သည်။

"ကိုလင်းရိပ်...ကိုလင်းရိပ်..."

         လင်းရိပ်၏ပုခုံးကို ခပ်ဖွဖွလှုပ်ကာ နှိုးမိလေတော့ လင်းရိပ်သည် မျက်လုံးတို့ကိုလက်နှင့်ပွတ်လိုက်ရင်း အိပ်နေရာမှ နိုးလာလေသည်။

လင်းရိပ်ခတဲ့ ည(လင်းရိပ်ခတဲ့ည)Where stories live. Discover now