Zawgyi
"ဒါဆိုအစ်ကို့မှာစိတ်ညစ်စရာတစ်ခုခုရှိလို့လား?""မရှိပါဘူး။"
မိုးညသည် လင်းရိပ်ကို တမင်တကာအစ်ကိုဟူသောနာမ်စားဖြင့်သုံး၍ခေါ်လိုက်လေတော့ လင်းရိပ်ပါးပြင်နှင့် နားရွက်လေးများသည် ပန်းရောင်ပြေးလာတော့သည်။
"အစ်ကို"
"အင်း။"
လင်းရိပ်သည် ဘာမှမဖြစ်သလိုပြုမူနေပေမယ့် သူ့မျက်နှာထက်မှ ရှက်သွေးဖြာနေမှုကိုဖုံးကွယ်မထားနိုင်ခဲ့။
လင်းရိပ်ကိုကြည့်နေရင်း မိုးညရယ်ချင်လာမိလေသည်။ ယုန်ပေါက်လေးကိုထောင်ဖမ်းကာ စနောက် ကစားနေရသည့်နှယ် ပျော်ရွှင်ဖွယ်ကောင်းလှသည်။
"သင်တန်းအောင်လက်မှတ်တွေကနှစ်လလောက်စောင့်ရအုံးမယ်ထင်တယ်။"
လင်းရိပ်သည် အလုပ်မှအပြန်ဝယ်လာသော ပစ္စည်းများကို ရေခဲသေတ္တာထဲထည့်နေရင်း ပြန်ပြောလာလေသည်။
"ဟုတ်လား။ အောင်လက်မှတ်ရရင် ဘာလုပ်မယ်လို့စိတ်ကူးထားလဲ?"
"ကျွန်တော်အလုပ်လျှောက်မယ်။"
"သြော်… ကောင်းပါတယ်။"
လင်းရိပ်၏အသံသည် တိုးဝင်သွားလေသည်။ မိုးညပြုံးလိုက်မိသည်။ ဒီအတိုင်းသာဆက်သွားမည်ဆိုလျှင် သူအလုပ်မရခင်ဖွင့်ပြောမိတော့မည်ထင်သည်။ လင်းရိပ်၏သာမန်အပြုအမူတို့သည်ပင် သူ့ကိုကလိကလိဖြစ်စေသည်။ ဖွင့်မပြောရမနေနိုင်ဖြစ်စေပြန်သည်။
"မိုးည"
လင်းရိပ်သည် ဟင်းချက်ရန်ပြင်ဆင်နေရင်း သူ့နာမည်ကိုခေါ်လာတာကြောင့် လင်းရိပ်အနားသို့သွားလိုက်မိလေသည်။
"ငါက မင်းအရင်တုန်းကချစ်ခဲ့ဖူးတဲ့တစ်ယောက်နဲ့ တော်တော်ဆင်တာလား?"
ထိုမေးခွန်းကိုကြားလိုက်ရချိန်မှာတော့ မိုးညသည် သူ့ပါးစပ်သူလက်နှင့်အုပ်ကာ အသံတိတ်ပြုံးရယ်မိရသည်။
…ရူးတော့မှာပဲ…
သူ့ကိုစိတ်ဆိုးနေသည်ဟုထင်ခဲ့ပေမယ့် ထိုစကားကြောင့် စိတ်မကောင်းဖြစ်နေမည်ဟု သူထင်မထားခဲ့။ လင်းရိပ်သည် ထိုမေးခွန်းကိုမေးပြီးနောက် ပုံမှန်အတိုင်းသာချက်ပြုတ်နေသော်လည်း ထိုပုံစံလေးကပင် မိုးညကိုအသည်းယားစေပြန်သည်။
YOU ARE READING
လင်းရိပ်ခတဲ့ ည(လငျးရိပျခတဲ့ည)
RomanceZawgyi Romance Is Deadမှာ ခင်ဗျားတို့မုန်းတီးခဲ့တဲ့ မိုးညဆိုတဲ့ကောင်လေးရဲ့အကြောင်း။ ဆိုးသွမ်းခဲ့တဲ့သူ့ဘဝမှာရော ပျော်ရွှင်မှုဆိုတာကိုရှာတွေ့ပါ့မလား? ဒုတိယအကြိမ်အချစ်ဆိုတာဖြစ်ပေါ်လာခဲ့ရင်လည်း အဲဒီအချစ်ကို သူဆုံးရှုံးရလိမ့်မလား? Unicode Romance Is Deadမှာ...