Zawgyi
လေပြေသွေးကတော့ ခါတိုင်းလို သတိမမူမိဘဲ ဖြစ်နေဆဲ။ သို့သော် သူသည်လည်း တိမ်ရောင်စဉ်၏မျက်နှာကိုစေ့စေ့မကြည့်တော့ပေ။
"ဒီနေ့ကောင်းကောင်းကို ရေချိုးပေးရမှာ။ air-conကို တအားလျှော့မထားနဲ့အုံးနော်။"
"အင်း။"
ထို့နောက် လေပြေသွေးသည် မနေ့ကလှန်းထားသော ကောင်းကောင်း၏အဝတ်လေးများ ခြောက်မခြောက်ကြည့်ရန်ထွက်သွားလေသည်။ အဝတ်လျှော်ခြင်းစသော အိမ်မှုကိစ္စများကို မသန်းတို့သာ ဆောင်ရွက်သော်လည်း ကောင်းကောင်းနှင့်ပတ်သတ်လျှင် အစိုးရိမ်လွန်တတ်သော လေပြေသွေးသည် အဝတ်ခြောက်မခြောက်... ဖားဥစွဲမစွဲ... အသားကြမ်းမကြမ်းကအစ အကုန်လိုက်စစ်လေ့ရှိလေသည်။ လေပြေသွေးရောက်လာသောနေ့မှစ၍ တိမ်ရောင်စဉ်သည် ကောင်းကောင်းနှင့်ပတ်သတ်သောကိစ္စမှန်သမျှကို မျက်စိမှိတ်ထားနိုင်ခဲ့လေသည်။
……………………¥¥¥……………………
ထိုအချိန်တွင် ဒေါ်နှင်းနုသည်လည်း လက်သည်းအလှပြင်ဆိုင်သို့ရောက်နေလေသည်။ သူမ၏လက်သည်းများကိုအလှဆုံးဖြစ်စေရန်ပြင်ဆင်နေခိုက် သူမ၏ဘေးတွင် မိန်းမလှလေးတစ်ဦးလာထိုင်လေသည်။
"မတွေ့တာကြာပြီနော် အန်တီ။"
"နန်စီ..."
နန်စီနှင့် ဒေါ်နှင်းနုသည် အမရာနှင့်ပတ်သတ်၍ တစ်ခါနှစ်ခါသာတွေ့ဖူးကြသော်လည်း အချင်းချင်းမှတ်မိနေကြသည်။
နန်စီသည် လက်သည်းနမူနာများကိုကြည့်နေရင်းပြုံးပြုံးလေးပြောလာလေသည်။
"ကျွန်မဆီမှာ သတင်းထူးလေးနည်းနည်းရှိတယ်။"
"Sorry... အန်တီစိတ်မဝင်စားဘူး။"
ဒေါ်နှင်းနုသည် နန်စီကို မြင်ကတည်းက သိပ်သဘောမကျ။ ထိုကောင်မလေးသည် အကျင့်သိပ်မကောင်းမှန်းသူမ ခန့်မှန်းမိပြီးသားဖြစ်သည်။
"အန်တီ့သားအကြောင်းဆိုရင်ရော?"
ထိုစကားကိုကြားသည်နှင့် ဒေါ်နှင်းနုသည် နန်စီဘက်သို့ဆတ်ခနဲလှည့်ကြည့်လာလေသည်။
YOU ARE READING
လင်းရိပ်ခတဲ့ ည(လငျးရိပျခတဲ့ည)
RomanceZawgyi Romance Is Deadမှာ ခင်ဗျားတို့မုန်းတီးခဲ့တဲ့ မိုးညဆိုတဲ့ကောင်လေးရဲ့အကြောင်း။ ဆိုးသွမ်းခဲ့တဲ့သူ့ဘဝမှာရော ပျော်ရွှင်မှုဆိုတာကိုရှာတွေ့ပါ့မလား? ဒုတိယအကြိမ်အချစ်ဆိုတာဖြစ်ပေါ်လာခဲ့ရင်လည်း အဲဒီအချစ်ကို သူဆုံးရှုံးရလိမ့်မလား? Unicode Romance Is Deadမှာ...