Zawgyi
ကောင်းကောင်းပြန်အိပ်ပျော်သွားသည်နှင့် လေပြေသွေးသည် ဆေးသေတ္တာလေးကိုင်ကာ တိမ်ရောင်စဉ်၏ အခန်းရှေ့သို့ရောက်လာပြန်သည်။ သူ့နှလုံးသားသည်လည်းဆောက်တည်ရာမရ ပရမ်းပတာခုန်နေဆဲ။ သို့သော် သူသည် ဘာကြောင့်ဆိုတာကိုမစဉ်းစားမိချေ။"Boss…"
လေပြေသွေးသည် အခန်းတံခါးကိုခေါက်ကာ ခေါ်ဆိုနေကျနာမ်စားလေးကိုခေါ်လိုက်လေသည်။သို့သော် အခန်းထဲမှတုန့်ပြန်မှုတစ်စုံတစ်ရာမျှသူမရရှိခဲ့။
လေပြေသွေးသည် သက်ပြင်းချလိုက်ပြီးနောက် အခန်းတံခါးလက်ကိုင်ကို ဖြည်းညင်းစွာလှည့်ဖွင့်လိုက်လေသည်။
အခန်းလေးသည် မှောင်မဲနေသည့်အပြင် တိမ်ရောင်စဉ်သည်လည်း အိပ်ရာပေါ်တွင်တိတ်ဆိတ်စွာလှဲလျောင်းနေလေသည်။
လေပြေသွေးသည် တိမ်ရောင်စဉ်အနားသို့တိတ်တိတ်လေးကပ်သွားပြီးနောက် တိမ်ရောင်စဉ်၏လက်ကိုဆေးလိမ်းပေးပြီး ပလပ်စတာအချို့ကပ်ပေးလိုက်လေသည်။
…ခင်ဗျားဘာတွေဖြစ်နေလဲကျွန်တော်သိချင်လိုက်တာ…
လေပြေသွေးသည် ဖြစ်နိုင်ချေအမျိုးမျိုးကိုတွေးနေမိပေမယ့် ဘာအဖြေမှမထွက်။ အမရာသည် တိမ်ရောင်စဉ်ကိုနှောင့်ယှက်နေဆဲဟု ဆိုနိုင်သော်ငြားလည်း ယခင်ကဒီထက်ပိုဆိုးသည်များကိုပင် တိမ်ရောင်စဉ်ဂရုစိုက်ခဲ့တာမဟုတ်။
သူအတွေးလွန်နေစဉ် တိမ်ရောင်စဉ်သည် သူ့လက်ကို ရုတ်တရက်ဆုပ်ကိုင်လာလေသည်။
"Boss! နိုးနေတာလား?"
လေပြေသွေးသည် ရင်တုန်ပန်းတုန်ဖြစ်သွားလေတော့သည်။ သို့သော် တိမ်ရောင်စဉ်သည် စကားအနည်းငယ်သာ ပြန်ပြောလာလေသည်။
"ငါအိပ်ပျော်သွားတဲ့အချိန်အထိပဲ ငါ့အနားမှာနေပေးလို့ရမလား?"
"ရတော့ရပါတယ်။ ဘာဖြစ်လို့လဲBoss? နေမကောင်းဘူးလား?"
လေပြေသွေးသည် အမှတ်တမဲ့နှင့်မေးလိုက်ရင်း တိမ်ရောင်စဉ်၏နဖူးကိုစမ်းလိုက်မိလေသည်။ အဖျားရှိမနေမှ သူအနည်းငယ်စိတ်အေးသွားလေသည်။
YOU ARE READING
လင်းရိပ်ခတဲ့ ည(လငျးရိပျခတဲ့ည)
RomanceZawgyi Romance Is Deadမှာ ခင်ဗျားတို့မုန်းတီးခဲ့တဲ့ မိုးညဆိုတဲ့ကောင်လေးရဲ့အကြောင်း။ ဆိုးသွမ်းခဲ့တဲ့သူ့ဘဝမှာရော ပျော်ရွှင်မှုဆိုတာကိုရှာတွေ့ပါ့မလား? ဒုတိယအကြိမ်အချစ်ဆိုတာဖြစ်ပေါ်လာခဲ့ရင်လည်း အဲဒီအချစ်ကို သူဆုံးရှုံးရလိမ့်မလား? Unicode Romance Is Deadမှာ...