Extra(4)(Unicode)

1.9K 154 9
                                    

"ကို... ပြင်ဆင်တော့။ ခဏနေ ခရီးထွက်ရမယ်လေ။"

ညနေငါးနာရီအချိန်တွင် ဆိုဖာပေါ်လှဲအိပ်နေရာမှ မြတ်နိုးဖွယ်အသံလေးကြောင့် တိမ်ရောင်စဉ်နိုးထလာခဲ့လေသည်။ ကားပေါ်တွင် မအိပ်တတ်သောအကျင့်ကြောင့် ခရီးမထွက်ခင်ကို ခဏတဖြုတ်အိပ်တတ်သည်။

အတင်းခြိမ်းခြောက်ကာ ခေါ်စေထားသော "ကို"ဟူသည့် နာမ်စားလေးကြောင့် ခရီးမထွက်ခင်ပင် ပျော်ရွှင်ဖွယ်ရာဖြစ်လို့နေသည်။

တိမ်ရောင်စဉ်သည် လေပြေသွေး၏ ခါးကိုသိုင်းဖက်လိုက်ပြီးနောက် ရင်ခွင်ထဲတိုးဝင်လိုက်ပြန်သည်။

"ကိုယ်အိပ်ချင်သေးတယ်။"

ကုမ္ပဏီမှဝန်ထမ်းများနှင့်အတူ ခရီးထွက်ရမည်ဖြစ်တာကြောင့် ကောင်းကောင်းကို ညနေလောက်ကတည်းက အဖွားဖြစ်သူထံသို့ ပို့ထားပြီးဖြစ်လေသည်။ ထို့ကြောင့် ရှားပါးလှသော ဤအချိန်လေးတွင်တော့ သူကလေးဆန်ချင်မိပြန်သည်။

လေပြေသွေးသည် သက်ပြင်းချလိုက်ပြီးနောက် တိမ်ရောင်စဉ်၏ ခေါင်းကို ခပ်ဖွဖွပွတ်သပ်ပေးလာလေသည်။

"ကလေးကျနေတာပဲဗျာ။"

"ဒါဆိုရင်ကိုယ့်ကိုနို့တိုက်။"

"ခင်ဗျား ဘာဖြစ်...!!!"

စကားပင်မဆုံးသေး။ တိမ်ရောင်စဉ်သည် လေပြေသွေး၏ ဘယ်ဘက်ရင်ဘတ်ကို မျက်နှာအပ်လိုက်လေတော့ လေပြေသွေး၏မျက်နှာတစ်ခုလုံးနီရဲသွားပြီးနောက် တိမ်ရောင်စဉ်ကို အတင်းတွန်းလွှတ်ကာ ဆိုဖာပေါ်မှ အမြန်ထသွားလေတော့သည်။

"ဒီလောက်တက်ကြွနေတယ်ဆိုရင် မြန်မြန်ထသင့်ပြီနော်။ ကျွန်တော်စိတ်မရှည်တော့ရင် ခင်ဗျားကို တစ်လမ်းလုံးစကားမပြောဘဲနေလိုက်မှာ။"

အိပ်ခန်းထဲသို့ အမြန်ဝင်သွားသော လေပြေသွေးကိုကြည့်ရင်း တိမ်ရောင်စဉ်ရယ်မိပြန်သည်။ တစ်နေ့တစ်နေ့ ချစ်ရသူကိုစနောက်ရင်း သူ့မှာမပျင်းရ။ ထိုအဖြူထည်လေးကို အရောင်ဆိုးပစ်ချင်မိပါသော်လည်း သူ့စိတ်တို့ကိုပြန်လည်ထိန်းသိမ်းရပြန်သည်။ တစ်ခါတလေမှာ စောင့်ထိန်းခြင်းသည်လည်း တန်ဖိုးထားရာရောက်တာမို့ ချစ်ရသူကြည်ကြည်ဖြူဖြူ ခွင့်မပြုမချင်း သူစောင့်စည်းရပေလိမ့်မည်။

လင္းရိပ္ခတဲ့ ည(လင်းရိပ်ခတဲ့ည)Onde histórias criam vida. Descubra agora