Zawgyi
ကြယ်စင်မိဘမဲ့ဂေဟာတွင်-ပုံစံအမျိုးမျိုးသော စက္ကူရုပ်လေးများကိုခေါက်နေသော မိုးညဘေးနားတွင်တော့ ကလေးများစွာဝိုင်းနေလျက်။ လင်းရိပ်ကတော့ ခပ်လှမ်းလှမ်းတွင် ထိုင်ကာ ထိုကလေးအုပ်ကိုကြည့်နေလေသည်။
ကလေးများစာသင်ရန်ထွက်သွားကြတော့မှ လင်းရိပ်လည်း မိုးညနားလာထိုင်လေသည်။
"စက္ကူရုပ်တွေခေါက်တာ ကျွမ်းလှချည်လား?"
မိုးညခေါက်ထားသော စက္ကူရုပ်လေးများကို ကြည့်ရင်း လင်းရိပ်က ချီးကျူးလာတော့ မိုးညရယ်လိုက်မိသည်။
"ဘာရယ်တော့မဟုတ်ပါဘူး။ ငယ်ငယ်တုန်းက ကျွန်တော်နဲ့ဘယ်သူမှမကစားကြလို့ အဲဒီအရုပ်လေးတွေခေါက်ပြီး ကစားခဲ့တာ။"
မိုးညကတော့ ပေါ့ပေါ့ပါးပါးပဲပြောနေပေမယ့် လင်းရိပ်ကတော့ ထိုစကားလုံးတို့၏ နောက်ကွယ်မှ အဖြစ်အပျက်တော်တော်များများကို နားလည်လိုက်လေသည်။ ဒီလိုဆို သူ့မှာအရုပ်ဝယ်ဖို့လည်းပိုက်ဆံရှိခဲ့မှာမဟုတ်သလို ဘယ်သူမှလည်း သူ့ကိုအရုပ်မဝယ်ပေးကြတာဖြစ်လိမ့်မည်။ မိုးညက စက္ကူရုပ်တစ်ခုကို သေချာခေါက်နေရင်း ထပ်ပြောလာလေသည်။
"အရုပ်တွေမခေါက်တာကြာတော့ နည်းနည်းတောင်မေ့နေပြီ။ ဒီကိုလာရတာ ပျော်ဖို့ကောင်းသားပဲ။ ဒီက ကလေးတွေအကုန်လုံးက ကျွန်တော်နဲ့နည်းနည်းဆင်တယ်နော်။သူတို့က ပိုသနားဖို့ကောင်းမယ်ထင်တယ်။"
သူပြောရင်းရယ်လိုက်ပြန်သည်။ ထို့နောက်အရုပ်လေးကို သေချာဂရုစိုက်ပြီး ခေါက်နေပြန်သည်။
... မင်းကပိုသနားဖို့ကောင်းတယ်လို့ ငါထင်တာပဲ။သူတို့မှာစောင့်ရှောက်မယ့်လူကြီးတွေရှိတယ်။ သူငယ်ချင်းတွေလည်းရှိတယ်။ အနာဂတ်လည်းရှိတယ်။ ဒါပေမယ့် မင်းမှာတော့ဘာမှ မရှိခဲ့ဘူးမဟုတ်လား...
လင်းရိပ်တွေးမိနေတုန်း မိုးညက သူ့လက်ထဲကို အရုပ်လေးထည့်ပေးလာလေသည်။ လင်းရိပ်အံ့အားသင့်သွားမိလေသည်။
"ဒါကခင်ဗျားအတွက်..."
ထိုအရုပ်လေးကို လင်းရိပ်သေချာကြည့်လိုက်မိတော့ယုန်ရုပ်လေး...
YOU ARE READING
လင်းရိပ်ခတဲ့ ည(လငျးရိပျခတဲ့ည)
RomanceZawgyi Romance Is Deadမှာ ခင်ဗျားတို့မုန်းတီးခဲ့တဲ့ မိုးညဆိုတဲ့ကောင်လေးရဲ့အကြောင်း။ ဆိုးသွမ်းခဲ့တဲ့သူ့ဘဝမှာရော ပျော်ရွှင်မှုဆိုတာကိုရှာတွေ့ပါ့မလား? ဒုတိယအကြိမ်အချစ်ဆိုတာဖြစ်ပေါ်လာခဲ့ရင်လည်း အဲဒီအချစ်ကို သူဆုံးရှုံးရလိမ့်မလား? Unicode Romance Is Deadမှာ...