Zawgyi
ကောင်းကောင်း၏အခန်းထဲရောက်သွားတော့ တိမ်ရောင်စဉ်အံ့အားသင့်သွားရသည်။ ကောင်းကောင်းပေါက်စသည် လေပြေသွေး၏ ပုခုံးပေါ်တွင် ငြိမ်ငြိမ်လေးမှီကာ ဇိမ်ခံနေသည်ကိုတွေ့လိုက်ရလေသည်။ ကောင်းကောင်းကို တိမ်ရောင်စဉ်ကလွဲ၍ဘယ်သူမှပွေ့လို့မရဟု သိထားကြသော ကလေးထိန်းနှစ်ဦးသည်လည်း ပါးစပ်အဟောင်းသား။ ပိုထူးဆန်းသည်က နိုးခါစဆိုလျှင် တိမ်ရောင်စဉ်ပွေ့တာကိုပင်မခံသောကလေးပေါက်စက လေပြေသွေးလက်ပေါ်မှာမှ ငြိမ်နေတာဖြစ်လေသည်။"လိမ္မာလိုက်တာ။"
လေပြေသွေးသည် ကောင်းကောင်းကို နို့ဘူးတိုက်လိုက်ချော့လိုက်မြူလိုက်နှင့် တိမ်ရောင်စဉ်ကိုရော တလောကလုံးကိုပါမေ့နေသလားအောက်မေ့ရသည်။ ပြောရမည်ဆိုလျှင် ကောင်းကောင်းသည် ဆိုးသာဆိုးတာ ချစ်စရာတော့အလွန်ကောင်းသော ကလေးဖြစ်သည်။
"မင်းက ကလေးတော်တော်ချစ်တတ်တဲ့ပုံပဲ။"
"ဟုတ်တယ်။ကျွန်တော်နဲ့လင်းရိပ်က ကြယ်စင်မိဘမဲ့ဂေဟာမှာစာသင်ပေးကြတာလေ။ အဲဒီမှာလည်းကလေးတွေအများကြီးပဲ။ လင်းရိပ်လည်း ကလေးချစ်တတ်တယ်။"
လေပြေသွေးသည် ကောင်းကောင်းအပေါ်အာရုံရောက်နေတာကြောင့် တိမ်ရောင်စဉ်၏မေးခွန်းကို သတိမထားဘဲ ဖြေလိုက်မိလေသည်။ လေပြေသွေး၏အဖြေကြောင့် တိမ်ရောင်စဉ်အံ့အားသင့်သွားလေတော့သည်။
နည်းလမ်းမျိုးစုံနှင့် အကြပ်ကိုင်မေးလျှင်တောင် တစ်ခွန်းစနှစ်ခွန်းစသာ ပြန်ဖြေတတ်သော လေပြေသွေးသည် ကလေးအပေါ်အာရုံရောက်နေလျှင်တော့ မမေးဘဲကို အကြောင်းစုံဖြေနေတော့တာကိုး။ တိမ်ရောင်စဉ် သဘောကျစွာ ရယ်လိုက်မိသည်။
"မင်းကလေးထိန်းလုပ်ချင်လား? ကောင်းကောင်းကိုထိန်းဖို့လူလိုနေတာ။"
"ကျွန်တော့်မှာအလုပ်နှစ်ခုတောင်ရှိတာလေ။ မအားဘူး။"
လေပြေသွေးက ကောင်းကောင်း၏ပါးစပ်လေးကို တစ်ရှူးအနုလေးနှင့် သုတ်ပေးရင်းပြန်ဖြေလာလေသည်။
"ဒါဆို Barမှာမလုပ်နဲ့တော့။ ရုံးချိန်တွေဆို ဖုန်းနဲ့ပဲလှမ်းထိန်းပေးရုံပဲလေ။ Barမှာလုပ်တဲ့လစာထက်ပိုပေးမယ်။ ကောင်းကောင်းကို တော်ရုံလူထိန်းမနိုင်ဘူး။ သူကဆိုးတယ်။"
YOU ARE READING
လင်းရိပ်ခတဲ့ ည(လငျးရိပျခတဲ့ည)
RomanceZawgyi Romance Is Deadမှာ ခင်ဗျားတို့မုန်းတီးခဲ့တဲ့ မိုးညဆိုတဲ့ကောင်လေးရဲ့အကြောင်း။ ဆိုးသွမ်းခဲ့တဲ့သူ့ဘဝမှာရော ပျော်ရွှင်မှုဆိုတာကိုရှာတွေ့ပါ့မလား? ဒုတိယအကြိမ်အချစ်ဆိုတာဖြစ်ပေါ်လာခဲ့ရင်လည်း အဲဒီအချစ်ကို သူဆုံးရှုံးရလိမ့်မလား? Unicode Romance Is Deadမှာ...