Zawgyi
A/N: သေချာပေါက်ဖတ်စေချင်လို့ ထိပ်ဆုံးမှာရေးလိုက်တာပါ။ ပြာပြာ ပြောတော့ပြောထားပါတယ်။ ဒါပေမယ့်မမြင်ကြမှာစိုးလို့ ထပ်ပြောတာပါနော်။ ဒီficကိုအဆုံးအထိရေးပြီးမှတင်ပေးမှာပါ။ ရေးလို့လည်းပြီးတော့မှာပါ။ ဒါကြောင့် libraryထဲကမထုတ်ပစ်နဲ့အုံးနော်။ အဆုံးသတ်မှာပေါ့ပျက်ပျက်ဖြစ်မသွားချင်လို့ရယ်။ updateခဏခဏကြာနေမယ့်အစားတစ်ခါတည်းကြာလိုက်ချင်လို့ပါ။ ပြာပြာ့ကိုစောင့်နေပေးပါနော်။ ဇာတ်လမ်းအကျဉ်းကတော့ မထည့်ပေးတော့ဘူးနော်။ မေ့သွားကြပြီထင်လို့ အရင်အပိုင်းလေးတွေကိုပြန်ဖတ်ပေးပါနော်။
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
တစ်ခုသောပိတ်ရက်တွင်တော့ တိမ်ရောင်စဉ်တို့သည် ကောင်းကောင်းကိုခေါ်ကာသုံးယောက်သား အပြင်ထွက်လာခဲ့ကြလေသည်။
"လိုအပ်တာအကုန်ပါပြီလား? ထီး? နို့ဘူး? အဝတ်အပို?"လေပြေသွေးသည် ကျောပိုးအိတ်ကိုဖွင့်ကာ ပစ္စည်းများကိုစစ်ဆေးနေလေတော့ တိမ်ရောင်စဉ်သည် ကောင်းကောင်းကိုပွေ့လိုက်ရင်းပြောလာလေသည်။
"အများကြီးလျှောက်သယ်မနေနဲ့။ ငါတို့စံရိပ်ငြိမ်ကိုပဲသွားမှာ။ ကားနဲ့သွားပြီးတော့ ဝယ်စရာရှိတာမြန်မြန်ဝယ်ပြီးပြန်လာမှာပဲကို တစ်ရက်လောက်ကြာမှာလိုလိုဘာလို့ ပစ္စည်းတွေအများကြီးထည့်နေတာလဲ?"
"အရေးပေါ်လိုမယ်ထင်တာတွေထည့်ထားရမှာလေbossရ။ အဲဒီလိုထည့်သွားမှဖြစ်မှာ။"
လေပြေသွေးသည် ပစ္စည်းများကိုစစ်ဆေးပြီးနောက် ကျောပိုးအိတ်၏ဇစ်ကိုပိတ်လိုက်လေသည်။
တိမ်ရောင်စဉ်သည် ကောင်းကောင်းကို အိမ်အကူမသန်း၏လက်ထဲထည့်ပေးလိုက်ပြီးနောက် လေပြေသွေးလက်ထဲမှ ကျောပိုးအိတ်ကိုဆွဲယူလိုက်လေသည်။
"ငါသယ်လိုက်မယ်။"
"ရပါတယ်… ကျွန်တော်…"
"မင်းက ကောင်းကောင်းကိုပွေ့လိုက်။"
ထို့နောက်တိမ်ရောင်စဉ်သည် ခပ်တည်တည်နှင့် အိမ်အပြင်သို့ထွက်သွားလေသည်။ လေပြေသွေးသည် ကောင်းကောင်းကိုပွေ့ကာ လိုက်ရပြန်သည်။
YOU ARE READING
လင်းရိပ်ခတဲ့ ည(လငျးရိပျခတဲ့ည)
RomanceZawgyi Romance Is Deadမှာ ခင်ဗျားတို့မုန်းတီးခဲ့တဲ့ မိုးညဆိုတဲ့ကောင်လေးရဲ့အကြောင်း။ ဆိုးသွမ်းခဲ့တဲ့သူ့ဘဝမှာရော ပျော်ရွှင်မှုဆိုတာကိုရှာတွေ့ပါ့မလား? ဒုတိယအကြိမ်အချစ်ဆိုတာဖြစ်ပေါ်လာခဲ့ရင်လည်း အဲဒီအချစ်ကို သူဆုံးရှုံးရလိမ့်မလား? Unicode Romance Is Deadမှာ...