Part-36

3.4K 507 86
                                    

Zawgyi

         လေပြေသွေးသည် တစ်နေကုန်မှုန်ကုပ်လျက် သူ့နှလုံးသားသူယုံရခက်နေလေသည်။ ဘယ်အရာတွေက သူ့ကိုချစ်မိသွားစေသလဲဆိုတာစဉ်းစားမရ။ အနေနီး၍သံယောဇဉ်တို့ဖြင့် ရစ်ပတ်ဖွဲ့နှောင်မိလေသလား။ ထိုလူသား၏ အထီးကျန်မှုကိုသနားမိ၍ ချစ်မိသွားခဲ့လေသလားသူမသိနိုင်ခဲ့။

         မည်သို့ပင်ဆိုစေကာမူ တိမ်ရောင်စဉ်ကိုသူမချစ်မိချင်။ ငွေကြေးချမ်းသာသည့်အပြင် ရုပ်ရည်ဂုဏ်ရှိန်ကလည်း လိုလေသေးမရှိသောထိုလူသားကို ချစ်မိသွားခြင်းသည် တစ်ဖက်သတ်အချစ်ဟု တရားသေသတ်မှတ်နိုင်လောက်သည်အထိ ထိုသူ၏အချစ်ကိုမရဖို့ကသေချာသလောက်။

         လေပြေသွေးသည် သူ့ကိုယ်သူသာဒေါသဖြစ်မိရသည်။ သံယောဇဉ်တို့သည် ဘယ်ပုံဘယ်နည်းဖြင့်ဘောင်ကျော်သွားခဲ့သည်မသိ။ သူ့မှာတွေးမိလေ ဒေါသဖြစ်ရလေ။ သို့သော် သူ့မှာစောဒကတက်ခွင့်မရှိပြန်။ ထိုလူသားအကြောင်းကိုစဉ်းစားမိလိုက်သည်နှင့် ပရမ်းပတာခုန်သော နှလုံးသားကိုသူတားဆီးမရနိုင်ခဲ့။

……………………¥¥¥……………………

         နေ့စဉ်အလုပ်နှင့်အိမ်ကိုသာ အသွားအပြန်လုပ်နေသော သူ့တို့နှစ်ဦးသည် ယနေ့တော့ နှစ်ဦးလုံးလုပ်စရာမရှိတာကြောင့် အိမ်အတူပြန်ဖြစ်ကြလေသည်။

         နှစ်ယောက်သားသည် ကားတစ်စီးတည်းတွင်ဘေးချင်းကပ်လျက် ထိုင်နေကြသော်လည်း အပ်ကျသံပင်ကြားရလောက်သည်အထိ တိတ်ဆိတ်နေလျက်ရှိနေလေသည်။ သူတို့နှစ်ဦးသားသည် အိမ်ပြန်ရောက်သည်အထိ တစ်ခွန်းတလေမျှပင် စကားမဟဖြစ်ခဲ့ကြ။

         ညစာစားချိန်တွင်တော့ တိမ်ရောင်စဉ်သည် မနေနိုင်မထိုင်နိုင်တော့စွာ မေးလာလေသည်။

"ငါ့ကိုဘာလို့စကားမပြောတာလဲ?"

         ထိုစကားလုံးတို့သည် လေပြေသွေးကို အထိတ်တလန့်ဖြစ်သွားစေလေသည်။ သူသည်ချောင်းအနည်းငယ်ဟန့်လိုက်ပြီးနောက် ပြန်ဖြေလိုက်လေသည်။

"မဟုတ်ပါဘူး။ အမ်း… ကျွန်တော့မှာစဉ်းစားစရာနည်းနည်းရှိလို့ပါ။"

လင်းရိပ်ခတဲ့ ည(လင်းရိပ်ခတဲ့ည)Where stories live. Discover now