Zawgyi
တိမ်ရောင်စဉ်သည် အစည်းအဝေးတွင်တင်ပြလာသော အချက်အလက်များကို ပြန်သုံးသပ်ကြည့်နေစဉ်မှာပဲ ရုံးခန်းတံခါးပွင့်လာကာ မဖိတ်ခေါ်ထားသောဧည့်သည်သည် အခန်းထဲသို့ဝင်ရောက်လာတော့သည်။"တံခါးခေါက်ဖို့ငါမပြောထားဘူးလား?"
ရိုင်းပြလှသော ဧည့်သည်သည် သူ့အမေမဟုတ်လျှင် အမရာသာဖြစ်နိုင်ကြောင်း တိမ်ရောင်စဉ်တွေးမိပြီးဖြစ်လေသည်။
"ကျွန်မတို့စကားပြောဖို့လိုနေပြီထင်တယ်။"
အမရာ၏စကားကြောင့်တိမ်ရောင်စဉ်သက်ပြင်းချလိုက်မိသည်။
"ဘာပြောချင်လို့လဲ?"
"ရှင်အိမ်မှာရှိနေတဲ့လူကဘယ်သူလဲ?"
"မင်းကမလိုအပ်တာတွေကိုပြောနေတာပဲ။ သူကကောင်းကောင်းကိုလာထိန်းတာလေ။ ဘာဖြစ်လို့လဲ?"
တိမ်ရောင်စဉ်သည် ဒေါသတို့ကိုထိန်းချုပ်ကာ စကားကိုကောင်းကောင်းမွန်မွန်ပြောရန်ကြိုးစားနေရလေသည်။ မဟုတ်လျှင်အမရာက ဘယ်သူ့ကိုပတ်ရမ်းမလဲဆိုတာမသိနိုင်။
"ရှင့်ဥာဏ်နီဥာဏ်နက်တွေကို မသိဘူးမှတ်နေလား။"
"မယုံရင် သူ့ကိုသွားမေးလို့ရတယ်။"
"ကောင်းပြီ။ ဒါဆို ကျွန်မသူ့ကိုသွားမေးမယ်။"
"သူက cafeမှာရှိတယ်။ သွားမေးလိုက်။"
အမရာသည် တံခါးကိုဝုန်းခနဲဆောင့်ပိတ်ကာ ရုံးခန်းမှ ထွက်ခွာသွားလေတော့သည်။
အမရာထွက်သွားတော့ တိမ်ရောင်စဉ်ရယ်လိုက်မိသည်။ လေပြေသွေးသည် သူဟာ လင်းရိပ်ခ၏သူငယ်ချင်းဖြစ်ကြောင်း ပြောပြရလောက်အောင် မတုံးအ လောက်ဘူးဟု သူယူဆလိုက်လေသည်။
ထိုကောင်လေးသည် ကျန်တဲ့နေရာများတွင် အတော်လေးတုံးလျှင်တုံးလိမ့်မည်။ သူ့သူငယ်ချင်းကိုတော့ အစွမ်းကုန်ကာကွယ်ပေးလေ့ရှိတာကြောင့် တိမ်ရောင်စဉ်သိပ်တော့စိတ်မပူ။
………………………¥¥¥………………………
"စကားနည်းနည်းပြောချင်လို့။"
YOU ARE READING
လင်းရိပ်ခတဲ့ ည(လငျးရိပျခတဲ့ည)
RomanceZawgyi Romance Is Deadမှာ ခင်ဗျားတို့မုန်းတီးခဲ့တဲ့ မိုးညဆိုတဲ့ကောင်လေးရဲ့အကြောင်း။ ဆိုးသွမ်းခဲ့တဲ့သူ့ဘဝမှာရော ပျော်ရွှင်မှုဆိုတာကိုရှာတွေ့ပါ့မလား? ဒုတိယအကြိမ်အချစ်ဆိုတာဖြစ်ပေါ်လာခဲ့ရင်လည်း အဲဒီအချစ်ကို သူဆုံးရှုံးရလိမ့်မလား? Unicode Romance Is Deadမှာ...