Extra(1)

4.1K 417 34
                                    

Zawgyi

          ယနေ့သည်လည်း ခါတိုင်းနေ့များလိုပင် ပူလောင်သော သာမန်နေ့လေးတစ်နေ့ဖြစ်သည်။ သို့သော် မတူညီသည်က နေ့ရက်တိုင်းသည် အထီးမကျန်တော့ပြီ။

          လူငယ်လေးတစ်ဦးသည် တစ်ချိန်က နေ့ရက်တိုင်းကို ပင်ပန်းဆင်းရဲစွာဖြတ်သန်းခဲ့ရဖူးလေသည်။

          မိုးညသည် သူ့မျက်လုံးတို့ပွင့်လာသည်နှင့် သက်ပြင်းချမိပြန်သည်။ ယနေ့လည်း သူအသက်ရှင်ရအုံးမည်။ သူ့မနက်ခင်းလေးသည် အထီးကျန်ဆန်စွာ တိတ်ဆိတ်လို့နေသည်။ သူ လှဲနေရာကနေ အားတင်းပြီးထလိုက်ပြန်သည်။ မသေနိုင်မှတော့ သူအသက်ရှင်ရမည်လေ။

          စားပွဲပေါ်တွင်တင်ထားသော ဓာတ်ပုံလေးကိုယူကာ ခပ်ဖွဖွနမ်းရှိုက်မိလေတော့ နာကျင်စေသော အမှန်တရားအချို့က ရင်ကိုပြင်းပြင်းထန်ထန်လာရိုက်ပြန်သည်။ ထိုလူသားလေးကိုတစ်ကြိမ်လောက်ပြန်တွေ့ချင်ပေမယ့် မှားခဲ့လေပြီးသော အမှားတို့က ပြန်ပြင်မရနိုင်တော့။

          ရေချိုးခန်းထဲကိုထွက်လာမိလေတော့ အက်ရာအနည်းငယ်ရှိနေသော မှန်ထဲတွင် မျက်တွင်းများချောင်ကျကာ အတော်ပိန်နေပြီဖြစ်သော ကိုယ့်ကိုယ်ကိုပြန်လည်မြင်တွေ့ရလေသည်။

          အသက်ရှင်ရတာ ပင်ပန်းလွန်းသည်ဟုသူတွေးမိသည်။ သို့သော် မတတ်နိုင်။ သေဖို့ရာလည်းမဝံ့ရဲတာကြောင့် ပင်ပန်းဆင်းရဲစွာအသက်ဆက်ရှင်ဖို့သာရှိသည်။ သို့သော် တစ်ခါတရံမှာ ရှင်သန်နေရခြင်းသည်ပင် ဝဋ်ကြွေးတစ်ခုပမာ နာကျင်စရာကောင်းလှသည်လေ။

          လက်ကျန်သွားတိုက်ဆေးလေးကိုအတင်းဖျစ်ညှစ်မိလေတော့ မဆိုစလောက်လေး သွားတိုက်တံပေါ်လာတင်လေသည်။ သုံးဖို့ငွေကအခုထိရောက်မလာသေး။ တိုက်ခန်းခလည်းမပေးရသေးပေ။

          သူသက်ပြင်းချလိုက်မိသည်။ တိုက်ခန်းခမပေးနိုင်၍ ပြောင်းပေးခဲ့ရသည့် နေရာပေါင်းလည်းမနည်းတော့။ ဆူညံကာ ရန်လိုသည့်ပတ်ဝန်းကျင်ကလည်း သူ့အတွက်နေဖို့ရာအဆင်မပြေ။ လူအများနှင့်နေရသည့်နေရာများတွင်လည်း ဖခင်ဖြစ်သူခွင့်မပြုတာကြောင့် နေခွင့်မရှိ။ တစ်လတစ်လ ပို့ငွေများကိုလည်း အဒေါ်ဖြစ်သူက ဖြတ်ယူသေးသည်။ နောက်ဆုံးတော့ နေရာခဏခဏပြောင်းရသည့်သူ့အပြစ်ချည်းသာ။

လင်းရိပ်ခတဲ့ ည(လင်းရိပ်ခတဲ့ည)Where stories live. Discover now