Part-4

3.8K 406 13
                                    

Jungkook ဆီ ကောင်လေးရောက်နေတာ နှစ်ပတ်တောင်ရှိပြီဖြစ်သည်....Jungkook America ကို ဖျော်ဖြေပွဲသွားဖို့ရက်ကမလိုတော့ပေ..လေးရက်တောင်သွားမှာဆိုတော့ ကောင်လေးတစ်ယောက်ထဲညအိပ်ရမှာ အဆင်မပြေတာသူသိသည်...

သူငယ်ချင်းတွေကိုအကူအညီတောင်းရအောင်လည်း အခုထိကောင်လေးကိုမိတ်မဆက်ပေးရသေးပေ...Jungkook ကိုယ်တိုင်ကလည်း အတင်းမိတ်မဆက်ပေးချင်တာလည်းပါသည်...ဘယ်လိုပဲဖြစ်ဖြစ် ကောင်လေးကိုသူခေါ်ထားတယ်ဆိုတာ ခဏတာအတွက်ပဲလေ...သံယောဇဉ်တွေဖြစ်ကျန်ခဲ့မှာကိုမကြိုက်ပေ..အချိန်တန်ရင် ကောင်လေးက သူ့နိုင်ငံသူပြန်ရမည်သာ...

Jungkook Music Video ရိုက်ရင်း နားတုန်း ကောင်လေးကို ph ဆက်ဖို့စဉ်းစားနေမိသည်...ph ဝယ်ပေးပြီးကတည်းက သူ့ ph no ထည့်ပေးထားပေမယ့် ကောင်လေးကတစ်ခါမှဆက်မလာခဲ့ပေ...သူလည်းမဆက်မိ....

Tae Jungkook ရဲ့ Japan Show ကို TV မှာကြည့်နေရင်း အရင်ကလည်း ကြည့်ဖူးနေသလိုစိတ်ကထင်နေမိသည်...Tae အရင်က အခေါက်ပေါင်းများစွာ မျှော်ငေးကြည့်ဖူးတဲ့ Idol လို့သာ Tae မမှတ်မိတာ Jungkook သီချင်းတွေနဲ့ Tae ရင်းနှီးနေသလိုခံစားရသည်...

အတိတ်မမေ့ခင်ဘဝကိုစဉ်းစားပေမယ့် ဘယ်လိုမှမမှတ်မိတာကြောင့် Tae မစဉ်းစားတော့တာရယ်...ခေါင်းတွေကိုက်တာသာအဖတ်တင်သည်...Jungkook ဝယ်ပေးတဲ့ ph ကောင်းမှုကြောင့် Korea နိုင်ငံအကြောင်းရှာဖွေသမျှ သိရသည်...Jungkook က ဘယ်လောက်နာမည်ကြီးလည်းဆိုတာလည်းသိခဲ့ရသည်...

Tae စိတ်ထဲ သာမာန်ပါပဲလို့ထင်နေမိတဲ့ Jungkook က လုံးဝ God ကြီး...တစ်ကမ္ဘာလုံးက မဒီတို့ရဲ့ စိတ်ကူးယဉ်ရွှေမင်းသားလို့ပင်တင်စားရသည်အထိ...Tae ကံကောင်းတာလား ဆိုးတာလားတောင်မသိ...သူများနိုင်ငံမှာ ဘယ်လိုကြောင့်အတိတ်မေ့ပြီး ဘယ်လိုကြောင့် Idol တစ်ယောက်ရဲ့အိမ်မှာနေနေရသည်မသိတော့....

နေလာတာနှစ်ပတ်ရှိပေမယ့် ခုချိန်ထိ Tae Jungkook အိမ်အပြင်ဘက်ကိုတစ်ခါမှမထွက်ဖူးပါ...Jungkook က Visa တွေအကုန်လုပ်ထားပေမယ့် အခုလို Idol တစ်ယောက်ရဲ့အိမ်မှာ Tae ကိုခေါ်ထားတာသိရင် Jungkook အတွက်မလွယ်လောက်ပေ....

Korea နိုင်ငံရဲ့အလှအပကိုလျှောက်သွားရင်း လည်ပတ်ကြည့်ရှုချင်ပေမယ့် Jungkook အတွက် သူ့ကြောင့် ဝန်ထုတ်ဝန်ပိုးမဖြစ်စေချင်ပါ....အခုလိုစောင့်ရှောက်ပေးထားတာပဲ ကျေးဇူးတင်ရမည်ဖြစ်သည်...

💜 Mysterious  💜(Completed)Where stories live. Discover now