"Hello..."
Jungkook ငိုမိပါသည်...တစ်ဖက်က Hello ထူးသံ ခပ်သြသြလေးကို သူဘယ်လောက်လွမ်းခဲ့ရလည်း...ယောကျာ်းတန်မဲ့မျက်ရည်လွယ်တယ်လို့ပြောခံရရင်လည်းခံရမှာပင်....အချစ်ကြောင့် ဝမ်းနည်းတတ်တာ စိတ်ထိခိုက်ရတာက ယောကျာ်းရောမိန်းမပါအတူတူပဲမို့လို့....
"Hello Jungkook လားဟင်..."
Tae ကိုဘာမှမဖြေတာမို့ Tae အရဲစွန့်ကာထပ်မေးလိုက်သည်...Korea ကဆက်မယ့် ph ဆိုလို့ Jungkook သာရှိသည်ပဲ...
"အင်း ကိုယ်ပါ..."
"Jungkook ဆက်မယ်ဆိုလို့ မျှော်နေတာ ၆ လတောင်ကြာခဲ့ပြီ"
Jungkook မျက်ရည်ကြားမှ ပြုံးမိပါသေးသည်...သည်းငယ်ကမျှော်နေတာတဲ့လေ...
"Jungkook...."
"လွမ်းနေတာ..."
"ဟင်...."
"ဟုတ်တယ် အပြင်မှာတွေ့ရရင်ကောင်းမယ်"
Tae ပြုံးလိုက်ရင်း...
"ကျွန်တော် လည်းတွေ့ချင်ပါတယ်...တကယ်ပြောတာ...ဒါနဲ့ ဘာလို့ ၆ လကြာမှဆက်သွယ်တာလည်းဟင်..."
"အမှန်တိုင်းပြောရမှာလား"
"ဟုတ်"
"လွန်ခဲ့တဲ့ သုံးလက Heart Attack ပြန်ဖြစ်လို့ ဆေးရုံတက်နေရတာ..."
"ဟင် Heart Attack က ဘာလို့ အခုမှစဖြစ်တာလား Jungkook မှာအဲ့ရောဂါရှိတယ်လို့ သတင်းမကြားဖူးပါဘူး"
"မဟုတ်ဘူး ကိုယ်မြတ်နိုးရတဲ့သူ ကား accident ဖြစ်တုန်းက ကိုယ်ပါ Heart Attack ရသွားရင်းနဲ့ နောက်ပိုင်း စိတ်အခန့်မသင့်ရင် ဖြစ်တာစိတ်လာရော..."
"Jungkook ရယ်...ကျွန်တော် ဘာလုပ်ပေးရမလည်းဟင်"
Jungkook ခုထိ စိတ်ထားဖြူစင်တဲ့ကောင်လေးကိုချစ်နေရတုန်း....
"ဘာမှလုပ်ပေးစရာမလိုပါဘူး..မင်းနဲ့အခုလိုပြောနေတာလေးတင်ရပါပြီ.."
...ကိုယ့်ချစ်သူအဖြစ်နေပေးပါလို့ပြောရင် ပါးလေးတွေရဲကာ ရှက်နေပါဦးမည်....
Tae ပါးလေးတွေရဲသွားသည်..Jungkook စကားတွေတိုင်းရင်ဘတ်ထဲကလိုက်ခံစားနေတာ ဘာလို့မှန်းမသိ...Jungkook သိရင်ရှက်ဖို့ကောင်းပါသည်...
YOU ARE READING
💜 Mysterious 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...