"အင့်"
Tae ကို အိပ်ရာပေါ်ပစ်ချလိုက်တာ အင့်ခနဲတောင်မြည်သည်...
"ဘာလို့ ထွက်သွားတာလည်းဟမ်...စိတ်ဆိုးတာနဲ့ထွက်သွားရောလား"
"ဘာလို့ အော်လည်း...ဘာလို့ ဟင့်"
Tae ကိုငေါက်နေတဲ့ သူ့ကြောင့် ဝမ်းနည်းလာပြန်ကာ အသံလေးတောင်တိမ်ဝင်သွားရသည်...
"မငိုနဲ့..."
"အဟင့်ဟင့်..."
သူမငိုနဲ့ဆိုမှ ငိုချင်ရက်လက်တို့ဖြစ်ကာ ပိုငိုမိတော့သည်....
Jungkook တကယ်ကို ဝမ်းနည်းနေတဲ့ကောင်လေးကိုကြည့်ကာစိတ်မကောင်းဖြစ်ရသည်..ဒီကလေးကတအားနူးညံ့သည်...
"ကဲပါ သည်းငယ်ရယ် ကိုယ်မှားပါတယ်နော်...တိတ်ပါ..ကိုယ်တောင်းပန်ပါတယ် ကလေးရယ်"
".........."
"သဝန်တိုတာကို ပွင့်ပွင့်လင်းလင်းပြောမှ ကိုယ်ကသိမှာပေါ့..."
"ပြောမှသိမှာလား မပြောပဲသိရမှာကို...သွားကွာ ထွက်သွား...မမြင်ချင်ဘူး"
Jungkook ရင်ဘတ်ကိုလက်လေးနဲ့တွန်းကာ ထွက်သွားခိုင်းနေလေသည်...Jungkook ကောင်လေးကိုယ်လုံးလေးကိုအတင်းဖက်ပစ်ကာ သူပါအုပ်မိုးလိုက်ရင်း ငိုထားလို့မျက်ခွံလေးတွေမို့နေတာကို နှုတ်ခမ်းနဲ့တိုးတိုက်ကာနမ်းမိသည်...
"ဟုတ်ပါပြီ...ကိုယ်အခုကစပြီး မပြောလည်းသိပေးပါမယ်...အဲ့တာကြောင့် မငိုနဲ့တော့နော် ခေါင်းတွေကိုက်လိမ့်မယ် တောက်လျှောက်ငိုထားတာကိုယ့်သည်းငယ်က..."
"ဖယ်..အဲ့တာခင်ဗျားကြီးကြောင့်လေ..."
"ဟုတ်ပါတယ် ဟော့ဒီ Jeon Jungkook ကြီးကြောင့်ပါ...တောင်းပန်ပါတယ် နောက်မအော်တော့ဘူး..ပြီးတော့ လျှောက်လျှောက်မတွေးနဲ့ ကိုယ်သည်းငယ်ကိုပဲချစ်တာသိရဲ့သားနဲ့"
"ချစ်ရင်ငိုအောင်မလုပ်နဲ့လေ.."
"ဟုတ်ပါပြီဗျ...သည်းငယ်လည်း ကိုကို့ကိုချစ်တယ်မလား"
"ဘယ်တုန်းက..."
"ဘာလည်း ဖေဖေ့မွေးနေ့မသွားခင် ကိုကို့ကိုချစ်တယ်လို့ပြောတာ ဘယ်သူလဲ..."
YOU ARE READING
💜 Mysterious 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...