Tae ထင်သလို Tae ပါးပေါ် သူမလက်တို့ကျမလာပါ...
"မောင်..."
Jungkook အသံသွင်းတာပြီးလို့ ဒီဘက်အခန်းကိုကြည့်မိမှ သည်းငယ်နဲ့ Soyoon ကို တွေ့တာကြောင့် အမြန်ပြေးလာရသည်...သူမနဲ့ဆုံတဲ့ကိစ္စဟာ ကောင်းခြင်းတော့မဖြစ်နိုင်...ဒါတောင် သူမ ရိုက်မလို့ပြင်လိုက်တာကိုတွေ့လို့အချိန်မှီတားနိုင်လို့ပါလား မဟုတ်ရင် သည်းငယ်ကိုသူမရိုက်မိဖို့ လက်တစ်ကမ်းအလိုလေးရယ်ပါ...
"မင်း ဘာလုပ်တာလည်း Lee Soyoon"
Soyoon သူမကို ဒေါသမျက်ဝန်းတွေနဲ့ကြည့်နေတဲ့မောင့်မျက်ဝန်းတွေထဲကို မယုံနိုင်သလိုကြည့်နေမိသည် ..ဒီကောင်လေးကြောင့် မောင်က သူစိမ်းလိုကြည့်လာတာတဲ့လား...
"မောင်..."
"မခေါ်နဲ့ ...ထွက်သွား ကျေးဇူးပြုပြီး"
"မောင်..."
သူမအသားကုန်ကြုံးအော်သည်...Jungkook ဒေါသထွက်စွာကြည့်မိရင်း
"ငါမင်းကိုတစ်ခုခုမလုပ်ခင် ထွက်သွားလိုက် ..သတိပေးလိုက်မယ် သည်းငယ်ကိုထပ်ထိလာရင် သည်းခံမှာမဟုတ်ဘူး...ထွက်သွား"
"မောင် Yoon ကို နှင်ထုတ်စရာမလိုဘူး.... အရင်က မောင်ချစ်ခဲ့တာပဲလေ ...နိုင်ငံခြားထွက်သွားတာလည်း မောင့်ဖေဖေကြောင့်ပဲ Yoon ဘာအပြစ်များလုပ်မိလို့လည်း...Yoon မောင့်ကိုပဲချစ်တာပါမောင်ရဲ့...မောင်သာပြောင်းလဲသွားတာ...အံ့သြမိတယ် Yoon ကိုသိပ်ချစ်ခဲ့တဲ့မောင်က အခုလိုပြောင်းလဲသွားတာကို...Yoon ဘာမှားလည်းမောင်သေချာစဉ်းစားကြည့်..အဲ့နေ့ကမောင် Yoon ကိုပြန်နမ်းတာပဲလေ"
Jungkook လန့်သွားမိသည် ....သူမတမင်...
"Lee Soyoon ...ထွက်သွားအခု.."
Tae နှလုံးသားလေးလွှင့်ခနဲဖြစ်သွားသလိုခံစားရသည်...ဟိုအစ်မပြောတဲ့ နောက်ဆုံးစကားက...
"သည်းငယ်..."
Tae ဒူးညွှတ်ကျသလိုဖြစ်သွားတာကြောင့် Jungkookက ပြေးပွေ့ကာထိန်းပေးသည်...Tae လက်ကာပြလိုက်ရင်း...
"ရတယ်....အ..အဆင်ပြေတာမို့.."
အသံတွေပါတုန်နေသည်...ငိုချင်တယ်...မွန်းကျပ်သည်...ကိုကိုက သူမကိုစိတ်မှမကုန်သေးတာ...ဒါဆို Tae ကဘာလည်း....
YOU ARE READING
💜 Mysterious 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...