"ဟုတ်တယ် အဲ့တာကြောင့် ကိုယ်မင်းနဲ့ခွဲအိပ်မှဖြစ်မယ် "
Tae ဘာပြန်ပြောရမှန်းမသိပေမယ့် သူ့ကိုအခြားသွားမအိပ်စေချင်ပါ...သူပြောသလို ချစ်သူတွေဖြစ်ခဲ့ဖူးတယ်ဆိုတာ ယုံကြည်မိပါသည်..ဒါပေမယ့် ဘာမှမမှတ်မိတဲ့အခြေအနေမှာ Tae သူ့အတွက်ဘာမှမလုပ်ပေးနိုင်ပေ...
"ကျွန်တော်တောင်းပန်ပါတယ် Jungkook ကိုအခက်တွေ့စေလို့ ..."
"ရပါတယ် ကလေး..ဒီတိုင်းလေးပဲ မင်းကိုယ့်ကိုချစ်ပေးလို့ရမလား..အစကနေချစ်သူပြန်လုပ်ကြမယ်လေ ...အရင်တုန်းက ကိုယ်မင်းဆီက အဖြေတောင်းတော့ မင်းပြောဖူးတယ် မင်းဘဝအမှန်ကိုသတိရသွားရင် ကိုယ့်ကိုမေ့သွားမှာကြောက်တယ်တဲ့...ကိုယ်ကတိပေးခဲ့တယ် မေ့သွားရင်တောင် ကိုယ်အစကနေပြန်စပါ့မယ်လို့..မင်းရဲ့ချစ်သူဖြစ်ဖို့ ကိုယ်ကြိုးစားပါ့မယ်လို့"
"ကျွန်တော် Jungkook ကိုမချစ်တာမဟုတ်ပါဘူး...Jungkook နဲ့ကျွန်တော်က အရာရာမတူဘူးလေ..ကျွန်တော့်ထက်ပိုကောင်းမွန်တဲ့သူနဲ့ဆုံစည်းသင့်တာပါ...."
"မင်းပဲကလေးရယ်...ကျေးဇူးပြုပြီး ကိုယ်ဘာမှမလိုအပ်ဘူး ဘာမှလည်းထပ်မလိုချင်ဘူး...ကိုယ်လိုအပ်တာ မင်းပါပဲ "
Jungkook Tae လက်လေးကိုဆွဲယူကာ လက်ဖမိုးလေးပေါ်နှုတ်ခမ်းနဲ့ထိကပ်နမ်းရင်း တတွတ်တွတ်တောင်းဆိုမိသည်....
Tae မျက်လုံးရှေ့က Jungkook ရဲ့ဆောက်တည်ရာမရတဲ့ပုံကိုမြင်ရတော့ သတိမထားမိခင်မှာပင် Tae ငိုနေမိသည်....
"Jungkook အရင်က ကျွန်တော့်ကို ဘယ်လိုခေါ်ခဲ့တာလည်းဟင် "
"ဘာကို..."
"ချစ်သူဖြစ်တုန်းက..."
"သည်းငယ်...."
Tae အလန့်တကြားသူ့မျက်နှာကိုကြည့်မိသည်...
"သည်းငယ်လို့ ခေါ်ခဲ့တာ မင်းကို...."
ဟုတ်တယ် ဒီအသံ...Tae အိမ်မက်တွေထဲ Tae ကိုအော်ခေါ်နေတဲ့ အသံပိုင်ရှင်...ပြီးတော့ ညတိုင်းမက်နေတဲ့အိမ်မက်က Jungkook ရောက်လာကတည်းကမမက်တော့တာ...
Jungkook Tae မျက်ဝန်းကမျက်ရည်တို့ကိုခပ်ဖွဖွသုတ်ပေးလိုက်ရင်း
YOU ARE READING
💜 Mysterious 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...