" ဟိုလေ Jungkook"
Jungkook မနက်စာစားနေတုန်း ကောင်လေးကပြောစရာရှိပုံရသည်..အရင်စားပြီးပေမယ့် မထသွားသေးပဲ Jungkook အနားဝဲလည်လည်လုပ်နေသေးသည်...
"အင်း ပြောလေ ပြောစရာရှိနေတယ်မလား"
"Hobi Hyg ကလေ ကမ်းခြေသွားမှာ ကျွန်တော့်ကိုခေါ်နေတာ အဲ့တာ လိုက်သွားရမလားဟင်"
Jungkook မျက်နှာရိပ်မျက်နှာကဲကို ကြည့်နေတဲ့ကောင်လေးရဲ့မျက်ဝန်းနက်နက်လေးတွေက မျှော်လင့်ချက်ကြီးစွာဖြင့်ပင်...သူလည်းပျင်းနေရှာမှာပေါ့...မဟုတ်လည်းကောင်လေးကိုသူမှလိုက်မပို့ပေးနိုင်တာ...Idol မလို့အသွားအလာဆင်ခြင်ရသည်...
"သွားလေ"
"တကယ်နော် ဟီး"
Boxy Smile လေးကို လွှတ်ကနဲငေးမိသွားရင်း
"အင်း Hyg လာခေါ်မှာလား"
"ဟုတ် ညနေသွားမှာ ၂ ညအိပ် ၃ ရက်ပါပဲ"
"အင်း.."
Jungkook Brand တစ်ခုအတွက် ကြော်ငြာရိုက်နေတုန်း ကောင်လေးဆီက message ဝင်လာသည်ကို မသိလိုက်ပေ...ရိုက်ကူးရေးပြီးမှ ph စစ်ကြည့်တော့
"고마워요 정국 씨, 잘 행복할 게요....
태태 🐯 "
(ကျေးဇူးတင်ပါတယ် Jungkook Shii .ကောင်းကောင်းပျော်ခဲ့ပါ့မယ်...TaeTae) တဲ့ ကျားပုံ emoji လေးကပါသေးတယ်...Jungkook ပြုံးလိုက်မိသည်...သတိတောင်မထားမိပါပဲ...
.............
"မောင်"
"Aww Soyoon"
"မောင်ကလည်း အရင်ကလို Yoon လို့ပဲခေါ်ပါ"
"ဘာကိစ္စရှိလို့လည်း"
"ကိစ္စရှိမှ လာရမှာလား မောင့်ကိုလွမ်းလို့ပေါ့"
"အနေထိုင်ဆင်ခြင်ပေးမယ်မလား ငါ့အလုပ်မှာလေ"
"Yoon သိပါတယ် ...ဒါပေမယ့် မောင်နဲ့ Dating ထွက်ရင်တော့ Yoon ငြင်းတာမျိုးလုပ်မှာမဟုတ်ဘူး"
"မထွက်ပါဘူး"
"ဟင်"
"မထွက်အောင်နေမှာမို့ အဲ့ကိစ္စကို မင်းစိတ်မပူလည်းဖြစ်တယ်"
"မောင်ကလည်း..."
"သွားစရာရှိသေးလို့ ..."
"အော် အင်းပါမောင် ...Yoon ကိုခွင့်ပြုပါဦး.."
VOCÊ ESTÁ LENDO
💜 Mysterious 💜(Completed)
Fanficဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...