မနက်ခင်း TaeTae ကိုလာနှိုးတဲ့ Hobi တစ်ယောက် ပါးစပ်အဟောင်းသားနဲ့သာကြည့်နေမိသည်...ကုတင်ပေါ်ဖက်အိပ်နေကြတဲ့ နှစ်ယောက်ကိုကြည့်ကာ လှည့်ထွက်ရမလို အသံကျယ်ကျယ်နဲ့ပဲအော်နှိုးရမလိုဗျာများနေရသည်...
Tae အခန်းတံခါးကိုခေါက်မလို့လုပ်တော့ တံခါးကလော့မချထားတာနဲ့ Hobi ဒီအတိုင်းဝင်လာရင်း ဒီမြင်ကွင်းကိုတွေ့ရတာဖြစ်သည်...
Jungkook ဦးဆုံးနိုးလာရင်း ခေါင်းထောင်ကြည့်မိတော့
"အွန်း Hyg...ဘာလာလုပ်..."
"အဲ့တာ ငါမင်းကိုမေးရမှာ..."
Hobi အသံကြောင့် ကောင်လေးနိုးသွားမှာစိုးတာနဲ့ ရှူးခနဲလုပ်လိုက်တော့ Hyg ကမဲ့ကာကြည့်လာခဲ့သည်...Jungkook အပြင်ထွက်သွားဖို့လက်ပြတော့ အလိုက်တသိထွက်သွားပေးသည်....
Hobi Hyg ထွက်သွားတာနဲ့ ကောင်လေးကိုကြည့်မိတော့ ခေါင်းအုံးနဲ့ပါးလေးကကပ်နေတာကြောင့် နှုတ်ခမ်းလေးကမဆိုသလောက်လေးဆူထွက်နေကာချစ်စဖွယ်ပင်...အဲ့ဒီနှုတ်ခမ်းလေးကို မနေ့ညကသူအပိုင်သိမ်းခဲ့တယ်ဆိုတာ ယုံတောင်မယုံချင်...
မျက်နှာတစ်ခုလုံးတဖျတ်ဖျတ်နမ်းမိသည်...သူ့ကောင်လေးကအိပ်နေတာတောင် မျက်နှာလေးက အပြစ်ကင်းကာ အေးချမ်းမှုအတိပြီးပါသည်...Jungkook ကို Hyg စောင့်နေတာမလို့ မြန်မြန်ထွက်လာရသည်...
"ပြောပါဦး ကိုယ်တော် ..."
"အဟဲ Hyg ကလည်း...."
"ဘာ Hyg ကလည်းလည်း မေးတာကိုဖြေ"
"ညကလိုက်လာမိတာ"
"ညကြီးအချိန်မတော်ကိုလေ ...မင်းက"
"အင်း ..."
Hobi တကယ်အံ့သြမိသည်..သူတို့အားလုံးထဲမှာ အလုပ်ရှုတ်ဆုံး Jungkook က အချိန်ဇယားတောင်ဖျက်ကာ TaeTae နောက်လိုက်လာတာ တော်ရုံမဟုတ်...သူတို့နဲ့ဆုံဖို့အတွက်တောင် အချိန်ဇယားတော်ရုံဖျက်တတ်သူမဟုတ်ပေ...အခုအရှေ့မှာမြင်နေရတာက သူသိတဲ့ Jungkook ဟုတ်ပါလေစွ...
"ဟုတ်ပါတယ် Hyg သိတဲ့ Jungkook ပါပဲ"
..ဘာလား ဒီကောင် သူ့စိတ်ထဲကအတွေးကိုတောင်သိနေပါလား...
YOU ARE READING
💜 Mysterious 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...