Tae ကုတင်ပေါ်ထိုင်နေမိသည်...ခုနက Jungkook ဖက်ထားတာကိုတွေးမိတော့ ရင်တွေလည်းတလှပ်လှပ်ခုန်သည်...ပြီးတော့ ရေမွှေးနံ့နဲ့ရောနေတဲ့ Jungkook ရဲ့ကိုယ်သင်းနံ့ကိုရင်းနှီးနေသလိုခံစားရသည်....သေသေချာချာကို သိနေသလိုမျိုးပင်....
"အဟမ်း..."
ရေချိုးခန်းထဲက ထွက်လာတဲ့ Jungkook...Bathrobe အဖြူရောင်နဲ့ ရင်ဘတ်ကအကွဲကြောင်းက တောင့်တင်းကျစ်လစ်တဲ့ Jungkook ရင်အုပ်သားတွေကို မြင်စေသည်...မျက်နှာရော ဆံပင်တွေမှာပါ ရေစိုနေတဲ့ Jungkook က တကယ့်ကို ချောမောသည်..
Tae ငေးနေမိတာ မျက်တောင်ပင်မခတ်မိ...Jungkook သူ့အား ငေးနေတဲ့ ကောင်လေးကြောင့် ခပ်ဟဟရယ်မိသည်...
"အဟွန်း..."
"ဟို ပြီးသွားပြီလား ကျွန်တော်ချိုးမလို့လေ ..."
"အင်း ချိုးလေ..."
Jungkook အဝတ်လဲပြီးအိပ်ယာပေါ်ရောက်တော့ ကောင်လေးက ရေချိုးပြီးကာ တစ်ခါတည်းရေချိုးခန်းထဲကနေ အဝတ်လဲလာပုံရသည်...
"တစ်ခါတည်းအဝတ်လဲလာတာလား"
Jungkook စကားကြောင့် ကောင်လေးက ခေါင်းကိုတဘက်နဲ့ရေသုတ်နေရင်း
"ဟုတ်...ဟို အဲ့လိုပဲလဲတတ်လို့ပါ.."
"အော် ကိုယ်က ကိုယ်ရှိလို့ မင်းအနေခက်နေတယ်ထင်လို့"
"အာ မဟုတ်ပါဘူး Jungkook ကြောင့်မဟုတ်ဘူး"
"အင်း..."
Tae သူအားနာနေမှာစိုးတာနဲ့ တစ်ခုခုသောက်ဖို့ပြင်ပေးရန်ဆုံးဖြတ်လိုက်ရင်း
"Jungkook သောက်ဖို့ တစ်ခုခုလုပ်ပေးမယ်လေ အိမ်မှာ ငှက်ပျောသီးကုန်နေလို့ ကျွန်တော် ဘနားနားမစ်ဖျော်ပေးလို့မရဘူး"
"ကိုယ် ဘာကြိုက်လည်းသိနေတာလား"
"အင်း သိတယ်လေ ကျွန်တော့် Idol ပဲဟာကို"
Jungkook ပြောချင်တာ တခြားအဓိပ္ပါယ်ပါ...ကောင်လေးက နားလည်ဟန်မတူပေ...
"မင်းခေါင်းကို ကိုယ်သုတ်ပေးလို့ရမလား"
Tae သူ့စကားကြောင့် အလန့်တကြားလေးကြည့်မိသည်..နောက်နေတဲ့ပုံလည်းမပေါ်ပေ...ဘာလည်းအတည်ကြီးလား..အဟေး မောင်ထယ်ယောင်းတို့ကံဇာတာတွေတက်နေပါရောလား..Idol ကမပြောမဆိုနဲ့အိမ်အလည်လာတယ်..အခုလည်း ခေါင်းရေစိုနေတာကိုသုတ်ပေးမယ်တဲ့..Jungkook သာသုတ်ပေးမယ်ဆို နေ့တိုင်းခေါင်းလျှော်လည်း ဖျားမယ်မထင်...
VOUS LISEZ
💜 Mysterious 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...