Jungkook နိုးလာတော့ ရေချိုးကာ အခန်းထဲကထွက်လာခဲ့သည်... တစ်ခုခုစားဖို့မီးဖိုခန်းထဲဝင်လာတော့ တစ်ရှဲရှဲကြော်လှော်နေပုံရတဲ့ကောင်လေး...Jungkook အံ့သြကာ သူ့ကိုကျောပေးထားတဲ့ကောင်လေးကိုကြည့်နေရင်း
"ကောင်လေး"
"ဟုတ်ကဲ့"
"ဘာလုပ်နေတာလဲ"
"ဟင်းချက်နေတာလေ Jungkook Shi အတွက်"
Jungkook အားနာသွားရကာ
"အာ မလိုပါဘူး ငါ့အတွက် ဒီလိုမလုပ်ပေးလည်းရတယ်"
"ဟို ကျွန်တော့်ဘက်ကတစ်ခုခုလုပ်ပေးချင်လို့ပါ အတိတ်မေ့နေတဲ့ကျွန်တော့်ကို Jungkook က ခေါ်ပေးထားတာမလား"
"တကယ်မလိုပါဘူး..."
"ကျွန်တော်ချက်တာစားလို့ကောင်းပါတယ် စားကြည့်နော် လာထိုင်...."
ကောင်လေးကပြန်မပြောတော့ဘဲ Jungkook ကို စားပွဲရှေ့က ထိုင်ခုံကိုညွန်ပြရင်း ဟင်းအိုးဘက်ပြန်လှည့်သွားသည်..Jungkook လည်းမတတ်သာတဲ့အဆုံးထိုင်လိုက်ရင်း တစ်ခါမှမရဖူးသော ဟင်းအနံ့မွှေးမွှေးတို့ကြောင့် ကောင်လေးချက်ကျွေးတာကိုစားကြည့်ချင်လာရသည်...
"Wow ဒီဟာတွေအကုန်မင်းချက်တာ..."
Jungkook စားပွဲပေါ်က စားချင်သဖွယ် ဟင်းခွက်တွေကိုကြည့်ပြီး အံ့သြလွန်းလို့ အသံထွက်ပင်မေးမိလိုက်သည်...
"ဒါပေါ့ ကျွန်တော်ကဟင်းတော့ချက်တတ်တယ်ထင်တယ် Jungkook ရဲ့ရေခဲသေတ္တာထဲက ဟင်းသီးဟင်းရွက်တွေကိုကြည့်ပြီး ချက်ကျွေးချင်လာလို့"
Jungkook သူ့အားစိတ်ပါလက်ပါရှင်းပြနေသောကောင်လေးကိုကြည့်နေမိသည်...ကောင်လေးကသူ့ထက် ငယ်ပေမယ့် ရင့်ကျက်တဲ့လူကြီးပေါက်စလေးလိုပင်...သေချာကြည့်မှ ရုပ်လေးကလည်းမိန်းကလေးတွေထက်ပင်ချောနေသေးသည်...
"အဟမ်း Jungkook Shi စားတော့မလားဟင် .."
Tae သူ့ကိုအကြာကြီးကြည့်နေတဲ့ Jungkook ကြောင့် ချောင်းဟန့်ကာအသိပေးလိုက်မိသည်...
"အော် အင်း...ဒါနဲ့ မင်းချက်ထားတာက မင်းတို့မြန်မာနိုင်ငံကလိုလား"
ESTÁS LEYENDO
💜 Mysterious 💜(Completed)
Fanficဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...