Part-25

3.1K 339 7
                                    

Jungkook နဲ့ Taehyung ပုဂံကိုရောက်တော့  ညနေစောင်းနေတာနဲ့နောက်ရက်မှလည်ဖို့ဆုံးဖြတ်ကာ တစ်ညနားကြသည်...

အခန်းထဲဝင်လာတဲ့ Jungkook ကြောင့် Tae ထိုင်ရမလိုထရမလိုဖြစ်သွားရကာ

"မင်းအဆင်မပြေရင်ကိုယ် သက်သက်အခန်းယူလိုက်မယ်လေ "

"ဟင့်အင်း ပြေပါတယ် ဘာလို့မပြေရမှာလည်း ယောကျာ်းချင်းပဲ..ဟာကို"

Jungkook ကပြုံးလိုက်ရင်း

"အိုကေ ကလေး"

Jungkook ကစကားပြောပြီးတာနဲ့ Tae ကိုကျော်ဖြတ်လျှောက်သွားကာ ကုတင်ပေါ်ဝင်လှဲလိုက်ရင်း...

"အွန်း ညောင်းသွားတာပဲ...တစ်နေကုန်ကားစီးလာရတော့ မင်းအရင်ချိုးလိုက်နော်ကလေး ကိုယ်ခနမှေးပြီးမှ ချိုးတော့မယ်"

"ဟုတ်.."

Tae ရေချိုးခန်းဝင်သွားတာကို Jungkook လိုက်ကြည့်ရင်းပြုံးလိုက်မိသည်...America မှာတုန်းက အဖြစ်ကိုပြန်စဉ်းစားကာ သဘောတကျရယ်နေမိသည်..အဲ့တုန်းကရှက်ပြီးငိုနေတာ တကယ်ချစ်စရာလေး...

"ဟို Jungkook....ကျွန်တော်ချိုးပြီးပြီ...Jungkook ချိုးတော့လေ"

Jungkook မှေးခနဲအိပ်ပျော်သွားရင်း Jungkook လက်မောင်းကိုလှုပ်နှိုးနေတာကြောင့် နိုးလာခဲ့သည်...မျက်လုံးတို့ဖွင့်ကြည့်မိတော့ ရေချိုးပြီးခါစ ကြည်လင်နေတဲ့မျက်နှာလေးနဲ့ Tae လေးကိုတွေ့လိုက်ရသည်...

"ကလေး.."

"Jungkook အိပ်ပျော်နေတာနဲ့ နှိုးလိုက်တာ ခေါင်းကိုက်သွားလားဟင်"

"မကိုက်ပါဘူး မင်းနှိုးပေးလို့တော်သေးတာပေါ့ မဟုတ်ရင် ညရောက်တဲ့အထိ အိပ်ပျော်သွားတော့မှာ "

"ဟုတ် Jungkook ရေချိုးနေတုန်း ကျွန်တော် ညစာမှာလိုက်မယ် ဗိုက်ဆာနေပြီမလား"

"မှာမလို့လား သွားစားမယ်လေ"

"ဟင့်အင်း မဖြစ်ဖူးလေ Jungkook လွတ်လပ်မှာမဟုတ်ဘူး မှတ်မိသွားရင်ဘယ်လိုလုပ်မလည်း Jungkook Fan တွေလည်းမြန်မာမှာအများကြီးပဲဟာကို..."

Jungkook သူ့အတွက်စဉ်းစားပေးသော ချစ်ရတဲ့ကောင်လေးကြောင့်ကြည်နူးရသလို တဆတ်တည်း ပင်ပန်းမှာလည်းစိုးရသည်...

💜 Mysterious  💜(Completed)Où les histoires vivent. Découvrez maintenant