Jungkook ရဲ့သတင်းကြောင့် fan တော်တော်များများ Shock ရသွားကြ၏...တချို့ကတော့ အကောင်းထဲကအဆိုးလို့တွေးကာ Jungkook နဲ့ Tae ကို Ship ပြီး Taekook ဆိုပြီး မားတွေလုပ်ကုန်ကြလေသည်...
အစစ်မမဟုတ်တာမို့ လက်ခံနိုင်ပါတယ်ဆိုတဲ့ ပရိသတ်ရှိသလို...ရှုံ့ချတဲ့ပရိသတ်လည်းရှိသည်..ဒါပေမယ့် သူတို့စိုးရိမ်တာက Jungkook အနုပညာလောကမှာ မနေဘဲ Sky Group ကိုဆက်ခံမှာပိုစိုးရိမ်ကြသည်...
Jungkook အသံလေးကိုဆက်ကြားချင်ကြသည်..Jungkook သီချင်းတွေကိုပိုနားထောင်ချင်ကြသည်...အဲ့တာကြောင့် Jungkook ဘာကိုရွေးချယ်ပါစေ အားပေးမည်ဖြစ်ပြီး အဆိုတော်ဆက်လုပ်ဖို့မျှော်လင့်ကြပါသည်....
Jungkook ရဲ့ Official Fan Club က ထုတ်တဲ့စာကိုဖတ်ပြီး Jungkook မှာဝမ်းသာပီတိဖြစ်ရသည်...သူ့ကိုနားလည်တဲ့ Fan တွေကြောင့် သူပိုပြီးစိတ်ချမ်းသာရပါသည်...
Joon Hyg တို့တွေရော အကုန် Jungkook ရဲ့ပွင့်လင်းမှုကို သဘောကျသလို ထောက်ခံအားပေးကြသည်...အပျော်ဆုံးကတော့ ဖေဖေသဘောတူတာကိုအပျော်ဆုံးပါပဲ...ဖေဖေသူ့ကိုဘယ်လောက်ချစ်တယ်ဆိုတာသိလာရသည်...Jungkook ကိစ္စတွေတော်တော်များများကို ဖေဖေကနောက်ကွယ်ကနေ ကူညီပေးတာကို Eunhan Hyg ပြောပြမှသိရသည်...
သူစိတ်ပူတာက LeeSoyoon ..အခုတလော သူ့အိမ်ကို လာလည်တတ်သည်...အရင်ကပတ်သတ်ဖူးပေမယ့် အခုလုံးဝ Jungkook မှာ ကောင်လေးပဲရှိတာပါ...
Ent မှာလည်း သူ့ ဒီဇိုင်နာမို့ တွေ့နေရသည်...သူမက အမြဲ Jungkook အခန်းကိုလာလာတွေ့သည်...ရှောင်ပေမယ့်လည်းမရ..မမုန်းရင် သူငယ်ချင်းလိုခင်ခွင့်ပြုပါလို့ပြောလာတာမို့ Jungkook လည်းအားနာတာကြောင့်မပြောတော့ပေ...
အလုပ်မြန်မြန်လုပ်ပြီး အိမ်ပြန်ချင်လှပြီ..ချစ်သူလေးကိုလွမ်းနေပါပြီ....
..............
Tae မီးဖိုထဲလှည့်ပတ်ကြည့်နေတဲ့ Soyoon ဆိုတဲ့ကောင်မလေးကိုကြည့်ပြီး မျက်စိနောက်လာရသည်...Jungkook အချစ်ဦးလို့သူသိထားပါသည်...
"အစ်မ Soyoon ဘာသောက်ချင်လို့လည်း ကျွန်တော်ဘာလုပ်ပေးရမလည်း"
"ဟင့်အင်း မသောက်ချင်ဘူး ..ခွက်တစ်ခွက်ကိုရှာနေတာ"
သူမက သူမအိပ်ထဲက ခွက်တစ်လုံးကိုထုတ်လိုက်ပြီး
YOU ARE READING
💜 Mysterious 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...