"သည်းငယ် သွားရအောင်..."
Tae Jungkook အသံကြောင့် ရင်တုန်နေရာမှ ထွက်လာခဲ့သည်...Jungkook ကိုကြည့်တော့ Tae နဲ့ဆင်တူ အနောက်တိုင်းဝတ်စုံကိုမှ အနက်ရောင်..ဆံပင်တွေကိုအနောက်ကိုဖြီးသင်ထားသည်မို့ မျက်နှာချောချောက ထင်းလင်းစွာ...
Tae သဘောအကျဆုံးက Jungkook နှုတ်ခမ်းအောက်ကမှဲ့နက်လေးဖြစ်သည်...အဲ့ဒီမှဲ့နက်လေးကိုကြည့်မိတိုင်း Tae စိတ်ကိုလှုပ်ရှားစေသည်...တကယ်ပြောတာ Jungkook ဆိုတဲ့လူသားက တကယ်ကိုချောမောတာရယ်...
"ဟေ့ ဘာလို့အဲ့လောက်ငေးနေရတာလည်း..."
"မငေးပါဘူးနော်...သွားမယ်.."
Tae လူမိသွားတာမို့ ရှက်သွားကာ Jungkook ကိုတွန်းဖယ်ကာ ကားပေါ်တက်ဖို့ပြင်တော့ Jungkook က Tae ခါးကနေလှမ်းဖက်ရင်း
"ကိုယ့်သည်းငယ်က အဖြူရောင်လေးနဲ့ သတို့သားလေးကျလို့..ချစ်စရာလေး"
"Jungkook..."
Tae သူ့လက်ထဲကနေရုန်းထွက်ကာ သူနဲ့မျက်နှာမူပြီး အလိုမကျသလိုလေးခေါ်မိသည်...Jungkook က
"ဘာလည်း မဟုတ်လို့လား ကြည့်လေ "
Tae သူပြောမှသတိထားကြည့်မိသည်..သူနဲ့ကိုယ်နဲ့က အဖြူအနက်နဲ့တကယ်သူပြောသလိုပင်..ပြီးတော့
"ဘာလည်း အဲ့ရင်ထိုးက ...Jungkook တမင်လုပ်တာမလား"
သူ့ရင်ဘတ်က လိပ်ပြာပုံစိန်စီထားတဲ့ ရင်ထိုးကို Tae လက်လေးနဲ့ထိကာ မေးလိုက်သည်..Jungkook က Tae လက်ပေါ်ကနေ သူ့လက်နဲ့ပြန်အုပ်ကိုင်ကာ
"အင်း...ကိုယ်က လိပ်ပြာလေ Tae ဆိုတဲ့ပန်းပွင့်လေးဆီပဲ နားမယ့်လိပ်ပြာ..."
Tae မျက်နှာလေးရဲကာ ခေါင်းငုံ့မိပြန်သည်..ဒီလူက Tae ကိုရှက်အောင်အနေခက်အောင်လုပ်ရတာ ကြိုက်ပုံရသည်...
"အာာာ..."
"ဟင် ဘာဖြစ်တာလဲ..Jungkook ဘာဖြစ်လို့လဲ"
Tae Jungkook ဆီက အသံကျယ်ကျယ် ညည်းညူသံကြောင့် အလန့်တကြားလေးမော့ကြည့်ကာမေးမိသည်...
"အသည်းယားလို့..ဘယ်လိုလုပ်မလည်း သည်းငယ်ရှက်နေတာလေးမြင်ရတာ တကယ်အသည်းယားတာ"
YOU ARE READING
💜 Mysterious 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...