22

3.7K 666 28
                                    

လီဝေ့ဟာ ကလပ်က ထွက်လာကတည်းက မင်ယွိကို စကားမပြော

မျက်နှာတည်တည်နဲ့သာ ရှေ့ကနေလျှောက်သွားလေတယ်၊ မနေနိုင်တဲ့ မင်ယွိကပဲ စကားလိုက်ပြောရတော့သည်။

"ကိုကို စိတ်ဆိုးသွားလား.... ကျွန်တော်တောင်းပန်ပါတယ်နော်.... ကျွန်တော်ကလေ ဒီရောက်တော့ ကိုကိုနဲ့ အမှတ်တရကို စဥ်းစားမိတာနဲ့"

လီဝေ့ဘာမှမပြော ဆက်လျှောက်နေသည်....

"ကိုကို.....ကိုကိုလို့"

"နားညည်းတယ် နောက်လာရင် ဒီထပ်မလာရအောင် နောက်ထပ်အမှတ်တရတွေလုပ်လို့ရမယ့် နေရာခေါ်သွားမှာမို့ ငြိမ်ငြိမ်နေ"

မင်ယွိပဲ နားညည်းလို့လားတော့မသိ လီဝေ့ကစကားပြန်ပြောလေသည်။

မင်ယွိထိုအခွင့်အရေးကို လက်လွှတ်မခံ.... ရှေ့ကသွားနေတဲံ လီဝေ့နားကို မယောင်မလည်နဲ့လိုက်ကာ လက်ကိုခိုးကိုင်လိုက်သည်။

သွားရင်းသွားရင်းနဲ့ စျေးဆိုင်တန်းတွေစည်ကားတဲ့နေရာကို ရောက်လာတယ်။

"ကိုကို... ဒါဘယ်နေရာလဲ"

"ပေကျင်းရဲ့ ညစျေးတန်း"

ပြောပြီး လီဝေ့က အကင်ဆိုင်တစ်ဆိုင်ထဲကို ခပ်တည်တည်နဲ့ဝင်တယ်။ ဒါပေါ့ မင်ယွိလည်း လိုက်ဝင်ရတာပေါ့။

"ပေကျင်းရောက်လာမှတော့ ဒီဆိုင်က ဘဲကင်စားသွားသင့်တယ်"

"ဟုတ်လား နာမည်ကြီးတာလား"

"အင်း နှစ်သုံးဆယ်လုံး ဘဲကင်ပဲနဲ့ ငါးကင်ပဲ ရောင်းလာတာ"

လူတွေကြိတ်ကြိတ်တိုးနေတာမို့ ခနတော့စောင့်ရပေမယ့် အော်ဒါလာယူတဲ့ အန်တီကြီးက ရှောင်ဝေ့ကို မြင်တာနဲ့ လှမ်းပြောတော့သည်။

"ရှောင်ဝေ့ ပျောက်နေတယ်ရော.... ထုံးစံအတိုင်းပဲလား"

"အာ.... ဒီတစ်ခါတော့ တစ်ကောင်လုံး"

"ရမယ်"

လီဝေ့တို့ စကားပြောခန်းကို မင်းယွိကြည့်နေပြီးတော့ မေးလိုက်သည်။

"ကိုကို လာစားနေကျလား"

"အင်း.... ဟုတ်တယ်"

ဘဲကင်ပန်းကန်နဲ့အတူ ငါးကင်ပန်းကန်ပါရောက်လာတော့ မင်ယွိအံ့သြသွားသည်။ ငါးကင်က သူ့အတွက်လို့မှတ်ယူကာ ပြောလိုက်သည်။

စောက်ကလေးကို ခွာချရမယ်!! {I Have To Shove That Brat!!!} (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ