21

3.7K 693 4
                                    

ယခင်က တစ်ယောက်က ကိုယ့်ဘာသာကိုယ်ချောက်ထဲခုန်ဆင်းပေမယ့် ဒီတစ်ယောက်ကတော့ တကယ့်ကို ခြေငြိမ်နေသည်။

အတွင်းရေးမှူးထိုင်ခုံမှာထိုင်ရင်း လီဝေ့ Report တွေကို လိုက်ဖတ်နေသည်။

"ဟေး.... ပေကျင်းသွားကြမလား"

"ဘာအကြောင်းပြပြီးသွားမလဲ"

ကုန်တိုက်သွားပြီးကတည်းက စောက်ကလေးက ဘာမှ ထပ်မမေးတော့ လီဝေ့ပြောသမျှခေါင်းညိတ်တတ်ကာ အခုလိုမျိုး တကယ်လိုအပ်တဲ့ အချက်တွေလောက်သာ ပြန်မေးတော့သည်။

"ဆွေပြမျိုးပြ"

"ကိုကိုရဲ့...အဟမ်း မိဘတွေက ဆုံးပြီမလား"

"အယ်...မင်းဘယ်လိုသိ....ဟုတ်သားပဲ မင်းက အကြီးစား စတော်ကာကြီးကို"

ကုမ္ပဏီရဲ့ ရာထူးကြီးတစ်ယောက်က အကြောင်းပြချက်မရှိ ခရီးထွက်မရဘူးလေ။

". ..ဒါပေမယ့် သူများတွေ မသိသေးဘူးလေ။ အဲ့တော့ ငါတို့ သုံးလို့ရမှာပါ"

ပေကျင်းကို ဦးတည်တဲ့လေယာဥ်ပေါ်မှာ လီဝေ့အတွေးတွေက အားဟောက်ဆီကရလာတဲ့ သတင်းတစ်ချို့အ​ပေါ်ရောက်နေသည်။

လေလံပွဲ.....

ဟိုတစ်ယောက်ကိုင်မယ့် ပရောဂျက်ကြီးကြီးက ဒီလေလံပွဲကမြေကွက်တစ်ခုမရရင် အဆင်မပြေနိုင်.....

လီဝေ့ကမရအောင်ဖြတ်ဖို့ရယ်တော့မဟုတ်..... စျေးကြီးဝယ်မိအောင်လုပ်မလို့..

လီဝေ့လက်ထဲမှာတော့ လက်မှတ်နှစ်စောင်ရှိသည်။ လျို့ဝှက်ပြီးကျင်းပလေ့ရှိတာမို့ လက်မှတ်ရဖို့တင်ကို တော်တော်လေးသုံးရလေ့ရှိသည်။ ဟိုတစ်ယောက်က သူ့အဖေဆီက ရလာပုံပေမယ့် လီဝေ့ကတော့ အားဟောက်ဆီက ဓားပြတိုက်လာတာ......

ကောင်းတယ်ပဲ ဆိုရမလား ဆိုးတယ်ပဲဆိုရမလား လေလံပွဲက တစ်ပတ်နောက်ဆုတ်သွားလေတယ်။

"ကျွန်တော်တို့ ဘာလုပ်ကြမလဲ"

နှစ်ယောက်သား ဟော်တယ်ရောက်တော့ စောက်ကလေးက မေးလာသည်။

"ရတဲ့အခွင့်အရေးကို မဖြုန်းသင့်ဘူးလေ။ လျှောက်လည်ကြတာပေါ့။ ငါ့ကို ယုံစမ်းပါ ဒီနယ်မြေက ဒီလောင်သာ့ အပိုင်ပဲ"

စောက်ကလေးကို ခွာချရမယ်!! {I Have To Shove That Brat!!!} (Completed)Where stories live. Discover now