13

4K 811 70
                                    

Unicode

လီဝေ့မှန်းထားတဲ့အတိုင်း စားအုံးဆီစျေးကွက်က အကြီးအကျယ်လှုပ်ခပ်သွားသည်။ အားဟောက်ဆီကနေ သတင်းရသွားသူတွေကတော့ တော်တော်လေးကို အကျိုးအမြတ်ရှိသွားပေလိမ့်မည်။

ပြီးရင် အားဟောက်ကနေတစ်ဆင့် စောက်ကလေးရဲ့ တည်နေရာတွေ ပျံ့သွားလောက်ပြီဆိုတော့ စောက်ကလေးကိုလည်း ဒီရက်အတောအတွင်း သူ့အိမ်က လာခေါ်ပေတော့မည်။

လီဝေ့အတွေးမဆုံးသေး အိမ်ရှေ့မှာ ကားတွေ တန်းဆီလာသည်။

စောက်ကလေးကို လာကြိုကြပုံပင်.... ကျောက်စိမ်းသခင်လေးက ဘယ်လိုလုပ် သေးသေးနှုပ်နှုပ်ပြန်ရမှာလဲ

အခုလောလောဆယ်တောင် ကုန်းမိသားစုနာမည်ကို မြင့်တင်ပြီး စားအုံးဆီစျေးကွက်ကို လှလှပပ ကစားပြသွားတဲ့ ဆက်ခံသူလောင်းလေးမလား

လီဝေ့လည်း ဒီနေရာမှာ ဆက်နေလို့ရတော့မယ်မထင်တော့...

စီးပွားရေးလောကထဲ အပျင်းပြေပြန်လာရင် ပိုကောင်းမယ်နဲ့တူတယ်။

လီဝေ့ တည်နေရာတွေလည်း ပျံ့နေလောက်ပြီဆိုတော့...

လီဝေ့တွေးနေရင်း မျက်လုံးကစားလိုက်တော့ ထူးဆန်းတဲ့ အရာတစ်ခုကို တွေ့သည်။

ဘာလို့ ငါ့ အင်္ကျီတွေပါ သယ်နေတာလဲ

"ဟေး ဘာလို့ ငါ့ဟာတွေပါသိမ်းနေရတာလဲ"

သိမ်းနေတဲ့ တစ်ယောက်က ပြန်ဖြေတယ်

"သခင်လေးက အပါခေါ်လာခဲ့ဆိုလို့"

ငါက ဘာကိစ္စလိုက်ရမှာတုန်း? ဘယ်မှာတုန်း ဟိုစောက်ကလေး...

"ကျွန်တော်ဒီမှာ.... ဘာဖြစ်လို့လဲ"

တက်တက်ကြွကြွကို ဖြေလာတဲ့စောက်ကလေး

"မလိုက်နိုင်ဘူးနော် ကိုယ့်ဘာသာကိုယ်ပြန်"

"ကိုကိုရှောင်ဝေ့က ကျွန်တော့ကို ကြိုက်နေတာမဟုတ်ဘူးလား"

"ဘာ"

"ရှောင်‌ဝေ့ကိုကိုက မွေ့ယာမရှိတုန်းက ကျွန်တော့ကို မွေ့ယာပေးအိပ်စေတယ်လေ ကိုကိုကျအအေးခံပြီး အပြင်မှာ အိပ်တာ....."

စောက်ကလေးကို ခွာချရမယ်!! {I Have To Shove That Brat!!!} (Completed)Where stories live. Discover now