16

3.9K 780 73
                                    

Unicode

အခုက မနက်ရှစ်နာရီ....

ဘာလုပ်နေလဲ ဟုတ်လား?

ထမင်းစားခန်းထဲ တူတူဝင်ထိုင်နေပြီး မနက်စာတူတူစားနေတယ်လေ။

အဟမ်း လူကြီးမိဘတွေကို ရိုသေလေးစားရမယ်လေ ဟုတ်တယ်မလား။ ငါလေးက ရိုင်းတတ်သူမဟုတ်ပါဘူး။

အဲ့တာကြောင့် မနက်တိုင်း ရှစ်နာရီအမှီ ဆင်းဆင်းစားနေရတာ တစ်လကျော်သွားပြီ။

ငါးဖမ်းဖို့ ခြောက်နာရီလောက်အမှီသွားရတဲ့ ကိုယ့်အတွက်က အေးဆေးပါ။

ဒါပေမယ့် သူခိုးနမ်းတာလည်း အမြဲမိနေတုန်းပဲ။

အဆင်တွေ ပြေမနေဘူးနော်။

"သား ကုမ္ပဏီမှာ အဆင်ပြေလား"

မနက်စာစားနေရင်း လှမ်းမေးလိုက်တာ

အဖေကလည်း သူ့ခေတ်သူ့အချိန်ကတောင်ခဲ့ပြီးတော့ အခုမှ သားကို နေရာပေးဖို့အတွက်ဆင်းပေးလိုက်တာဆိုတော့ တစ်ခါတစ်လေတော့ မေးလေ့ရှိတယ်။

"အင်း အဆင်ပြေတယ်အဖေ၊ ဒီနေ့တောင် JPE company နဲ့ စာချုပ်ချုပ်မလို့...မဆိုးဘူးရယ် မြို့က ရေနံတွင်းက တော်တော်ထွက်တာ။ တစ်ခါတည်း စာချုပ်ချုပ်လိုက်မလို့ ကျွန်တော်ကိုယ်တိုင်တော့ သွားရမှာပေါ့"

JPE company က Japan နိုင်ငံရဲ့ အကြီးဆုံး စက်သုံးဆီ ကုမ္ပဏီမလား ။ အဲ့လို ကုမ္ပဏီနဲ့ စာချုပ်ချုပ်ရတာ တော်တော်မြတ်မှာပဲ။

တော်တော်မြတ်မယ်တဲ့လား။

အင်း...ပိုက်ဆံတွေ အများကြီးရမှာပေါ့။

အာဟား..... တတိယမစ်ရှင်အတွက်အကြံရပြီ။

ငါ့ရဲ့ တတိယမြောက်ရည်းစားလေးက ကုမ္ပဏီပဲလိုချင်ခဲ့တာ ပိုက်ဆံကအဓိကပဲ။

ငါသာ ရအောင် စာချုပ်လိုက်ဖြတ်မယ်ဆိုရင်...

မီလီယံတန် စာချုပ်ကြီးလေ...

ငါလေးသာဆို ဆောင့်ကန်ထုတ်ပစ်မှာပဲ အခုလို ဆက်ခံသူနေရာအတွက်ပါ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုရင်ပေါ့။

"အယ်....သမက်လေးက ပျော်စရာရှိနေတာလား ပြုံးနေရော"

အမေ့ရဲ့ မေးခွန်းက လူကို တုန်ခနဲ....

စောက်ကလေးကို ခွာချရမယ်!! {I Have To Shove That Brat!!!} (Completed)Hikayelerin yaşadığı yer. Şimdi keşfedin