26

3.4K 656 13
                                    

Unicode

လီဝေ့က ဒဏ်ရာကြီးကြီးမားမားမရပေမယ့် စောက်ကလေးက‌တော့ ခေါင်းပြန်ကွဲသွားလို့ ကတုံးပြန်တုံးထားရသည်။

ကျောက်စိမ်းသခင်လေးရဲ့ အစိမ်းရောင်က ဦးပြည်စိမ်းစိမ်းလေးကို ရည်ညွှန်းချင်တာများလား 

မနက်ပိုင်းကျရင် စောက်ကလေးနဲ့ နေပေးပေမယ့် ညပိုင်းကျရင် စောက်က‌လေးကို ဒီလိုလုပ်တဲ့ကောင်ကို ပညာပေးဖို့ ကွန်လိုက်ဖြန့်ရသည်။

ကိုယ်ထောင်ထားတဲ့ ကုမ္ပဏီပဲဟာ….. ဘယ်နေရာမှာ ဘာဟာကွက်ရှိတယ်ဆိုတာ ကိုယ့်လောက်ဘယ်သူသိနိုင်မှာလဲ

အားဟောက်နဲ့ပါပေါင်းပြီး အကုန်ပြန်လှန်ထားတာမို့ တစ်ပတ်ပြည့်ချိန်မှာ စောက်ကလေးကဆေးရုံဆင်းခွင့်ရသွားပြီး လီဝေ့ကတော့ လူကိုယ်တိုင်သွားပြီး ပွဲကြည့်ချိန်ရောက်လာခဲ့သည်။

ရဲတွေကိုပါခေါ်ပြီး သူရဲ့ ပုန်းနေတဲ့နေရာ အတိအကျမှာ သွားဖမ်းပြီး အခွန်ရှောင်မှု၊ တရားမဝင်တင်သွင်းမှုတွေနဲ့ ငွေဖြူငွေမည်း လျော်မှုတွေပါ ပါလာတော့ တစ်ခုကို အနှစ်နှစ်ဆယ်ကတော့ ပြေးမလွတ်ခဲ့ဘူး။

“မင်း အဲ့တစ်ယောက်ကို တကယ်ချစ်တာပဲ လီဝေ့၊ အဲ့ဒါကြောင့် မင်းနောင်တရစရာတစ်ခု ငါစီစဥ်ခဲ့တယ်။ လက်ထပ်လက်ဖွဲ့ပေါ့လေ…. ဒါပေမယ့် မင်းလက်ထပ်နိုင်ပါ့မလားတောင် မသေချာဘူး။ ဘာလို့လဲဆိုတော့ မင်းကိုဘယ်သူမှ တကယ်မချစ်လို့လေ။”

“ငါ့ဘဝမှာ နောင်တရစရာဆိုလို့ မင်းတို့ ခုနစ်ယောက်ကို ငါ အချစ်စစ်နဲ့ ချစ်မိခဲ့တာပဲ ဖြစ်လိမ့်မယ်”

အဲ့စကားပြန်ပြောခဲ့ချိန်မှာတော့ အိမ်မှာတစ်ကယ့်ကို ကိစ္စကြီးကြီးစောင့်နေမယ်ဆိုတာ သူမသိခဲ့ဘူး။

အိမ်ပြန်ရောက်တော့ အခန်းထဲတန်းဝင်လာခဲ့တယ်။ 

အခန်းထဲမှာ စောက်ကလေးက အရက်တစ်ပုလင်းနဲ့ကြိုစောင့်နေရော…

“ကိုကိုက ညဘက်ပြန်မအိပ်ဘူးလို့တွေးနေတာ တစ်ကယ့်ကို အလုပ်ရှုပ်နေတာကိုး”

“အင်း ရှုပ်တယ်”

“ဒါတွေနဲ့လေ”

ပြောပြီးပစ်ပေးလာတဲ့ အထုပ်တစ်ထုတ်….

စောက်ကလေးကို ခွာချရမယ်!! {I Have To Shove That Brat!!!} (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ