11

3.9K 780 27
                                    

Unicode

ဦးလေးစုန့်ကို ညနေပြန်မလိုက်‌တော့ကြောင်း ပြောရင်း ထိုစောက်ကလေးကို ဦးဆောင်ကာ နီးစပ်ရာ ဘဏ်ကို သွားလိုက်ရသည်။ လက်တစ်ဖက်ကနေလည်း ကားတစ်စီးကို ငှားကာ ညနေသူပြန်မည့် အချိန်ကို လှမ်းပြောလိုက်သည်။

အရေးပေါ်ပိုက်ဆံတွေသုံးရတော့မယ်......

ဆင်ပိန်ကျွဲလောက်ဆိုသလိုပေါ့ ဆင်းရဲတယ်ပြောမယ်ဆိုရင်တောင် ဘာမှမကျန်‌တော့ဘူးဆိုတာက ဆင်းဆင်းရဲရဲနေပြီး ချွေတာစားရင် တစ်သက်စာလောက်ပါတယ်။

အင်း စီးပွားရေးပြန်စချင်ရင်လည်း လောက်သလောက်လေးပေါ့

နီးစပ်ရာ ‌ရှောပင်းမောကို သွားလိုက်ရင်း စောက်ကလေးကို ကေအရင်ခုတ်ပေးရသည်။

ဝူးဝူးဝူး.... အထင်မလွဲပါနဲ့ ကိုယ့်လုပ်ရပ်ကိုယ် တာဝန်ယူတာပါ...

ကတုံးနဲ့က မျက်နှာလေးပိုရှင်းသွားကာ ကွက်ကြားထက်တော့ သာသွားသည်။

"မင်းက အထက်တန်းကျောင်းသားလားမသိဘူးနော်"

စောက်ကလေးမျက်နှာက မဲ့ခနဲ

အသက် ၂၂ အရွယ်ယောက်ျားတစ်ယောက်ကို အထက်တန်းကျောင်းသားလို့ သမုတ်မိတာကိုး

"ကျွန်တော်က မဟုတ်လောက်ပါဘူးနော်၊ ကြည့်ပါလား ကိုကိုရှောင်ဝေ့ထက်တောင် အရပ်ရှည်တာကို"

မင်းဒီအရပ်အကြောင်း မပြောလို့မရဘူးလား....

"ကိုကိုရှောင်ဝေ့ အဲ့ဒါစားလို့ရလား"

ကြည့်လိုက်တော့ လမ်းဘေးမှာရောင်းတဲ့ ကျန်းဖျင် ဖြစ်နေသည်။ ဒီဘက်ဒေသရဲ့ အထူးအစားအစာဖြစ်ပြီး မြို့တွေမှာ သိပ်ရလေ့မရှိ၊ အဲ့တော့ သခင်လေးက မြည်းစမ်းချင်ပုံရသည်။

"အဲ့ဒါက အကြီးကြီးဘဲ။ မင်းအဲ့ဒါစားပြီးရင် နေ့လည်စာလွတ်သွားမယ်"

"ရတယ် ကိုကိုရှောင်ဝေ့ စားမယ်"

ငါ့ကို အဲ့လို့ ခီရာ ခီရာ ဖြစ်နေတဲ့ မျက်ဝန်းတွေနဲ့ မကြည့်ပါနဲ့ဟ

ဝယ်ကျွေးမှာပါ

"ရှောပင်းမောပတ်ကြမယ်၊ ပြီးရင် ညစားမယ်။"

စောက်ကလေးကို ခွာချရမယ်!! {I Have To Shove That Brat!!!} (Completed)Tempat cerita menjadi hidup. Temukan sekarang