06

4.4K 833 47
                                    

Unicode

မင်ယွိနိုးလာတော့ ထိုသူက အိမ်နံရံလေးကို မှီအိပ်နေသည်။

တစ်ညလုံး အဲ့လိုကြီး အိပ်နေတာလား။ မင်ယွိကိုကျ အိပ်ရာပေးပြီးလေ...

မဟုတ်မှလွဲရော ဒီလူကြီး မင်ယွိကို ကြိုက်နေတာများလား။ မင်ယွိကို ကြိုက်တဲ့သူတွေရှိပေမယ့် မင်ယွိနှလုံးသားက အချစ်ဦးကနေ ရွေ့လာတာမဟုတ်ဘူး။ ဒီလူကြီးလည်း မင်ယွိကိုကြိုက်နေတာများလား။

ဟုတ်လောက်တယ် ဒါကြောင့်မို့ ဒီလောက်အေးတာတောင် မင်ယွိကို အိပ်ရာပေးတာပဲ။

ကောင်းကောင်းဆက်ဆံပေးမှပါလေ...

အနောက်ကနေ ပုခုံးကို ဆက်ခနဲသွားတို့လိုက်တော့ လန့်နိုးသွားပုံရသည်။

ပြီးတော့ အိမ်ချင်မူးတူးနဲ့....

"မောနင်း ရှောင်ယွီ"

"မောနင်း ကိုကို ရှောင်ဝေ့... တစ်ညလုံးဒီမှာ အိပ်တာလား ဇတ်တွေနာကုန်မှာပေါ့"

အင်း ခနဲ အသံရှည်ဆွဲပြောကာ မျက်လုံးတွေကို ပွတ်ရင်း ငါးဖမ်းဖို့ ပြင်ဆင်လေသည်။

"ကိုကိုရှောင်‌‌ေဝ့ ကျွန်တော်ရော လိုက်ခဲ့လို့ရမလားဟင်"

"ဘာလိုက်လုပ်မှာလဲ"

"ကူမလို့လေ"

ပြောလိုက်တော့ မယုံသလိုကြည့်လာသည်။

"လုပ်ပါ ကိုကို ရှောင်ဝေ့ရာ ကျွန်တော် အိမ်မှာ တစ်ယောက်တည်းပျင်းလို့"

ရုတ်တရက်ကြီး လက်က နဖူးပေါ်ရောက်လာသည်။ ကျန်လက်တစ်ဖက်က သူ့ နဖူးပေါ်စမ်းသည်။

"ကောင်းပြီ။ အဖျားတော့ သိပ်မရှိတော့ပါဘူး။"

မင်ယွိ တစ်ယောက်လီဝေ့နောက် တစ်ကောက်ကောက်ပါအောင်လိုက်သွားလေသည်။ အိမ်အောက်ရောက်တော့ လီဝေ့က သွားတိုက်နေသည်။

"သွားတိုက်တံက ငါ့ဟာပဲ ရှိတာ။ မသုံးတတ်ရင် မသုံးနဲ့။ မြို့ရောက်မှ အသစ်ဝယ်ပေးမယ်။"

မင်ယွိလည်း မျက်နှာသာသစ်ကာ လီဝေ့နောက်ကနေ ကမ်းခြေသို့သာ ဆင်းသွားလိုက်လေသည်။

စောက်ကလေးကို ခွာချရမယ်!! {I Have To Shove That Brat!!!} (Completed)Onde histórias criam vida. Descubra agora