08

4K 790 20
                                    

Unicode

အိပ်ရာပေါ်မှာ ဖြေးဖြေးလေးသွားလဲှတဲ့ သူ့ကိုကြည့်ရင်း မင်ယွိအပြစ်ရှိသလို ခံစားရသည်။

တကယ်ဖျားတယ်ဆိုရင် မင်ယွိဆန်ပြုတ်ဖြစ်ဖြစ်လုပ်ပေးသင့်တယ်ထင်တယ်။

မင်ယွိဖျားတုန်းကလည်း သူဆန်ပြုတ်လုပ်တိုက်တာပဲ။ လွယ်မှာပါ ဆိုလာရှိတယ်ဆိုတော့။ အိုးထဲဆန်ထည့် ငါးထည့်ပြီး ပလပ်ပေါက်ထိုးလိုက်ရုံတင်ကို

အတွေးနဲ့ မင်ယွိအောက်ဆင်းလာသည်။ အိုးတွေခွက်တွေ တွေ့ပေမယ့် ဆန်ကတော့ ဘယ်လိုရှာရှာမတွေ့။

သာ့ကျဲဆီကသွားတောင်းရမယ်လို့ တွေးမိသည်။ အတွေးနဲ့ အတူ သာ့ကျဲဆီရောက်သွားတော့

"သာ့ကျဲ ကိုကို ရှောင်ဝေ့ဖျားနေလို့... ကျွန်တော်ဆန်ပြုတ် ပြုတ်တိုက်ချင်တာ.... အဲ့ဒါ ဆန်နဲ့ ငါးခြောက်နည်းနည်းရနိုင်မလား"

"ဟေ ဖျားပါသွားတာလား.... အဲ့တစ်ယောက်က ဒူပေဒဏ်ပေ တော်တော်ခံနိုင်တာ မိုးဘယ်‌လောက် မိမိ ရောက်ကတည်းက တစ်ခါမှ မဖျားဖူးဘူး"

မင်ယွိ တကယ့်ကို စိတ်မကောင်းဖြစ်သွားရသည်။ ဒီလောက် မာတဲ့သူက ဖျားပါသွားတော့ မင်ယွိဆန်ပြုတ်ကို အကောင်းဆုံးပြုတ်ပေးမယ်လို့တွေးမိသည်။

သာ့ကျဲက ပြောပြောဆိုဆိုနဲ့ ဆန်နဲ့ ငါးခြောက်အပြင် ဆားတို့ ဆီတို့ပါ ယူလာပေးသည်။

"ဒါထက်မင်း ချက်ရောချက်တတ်ရဲ့လား"

"ဟုတ်.... ချက်တတ်ပါတယ် သာ့ကျဲ"

"ဂရုစိုက်နော်.... တစ်ခုခုလိုရင် ငါ့လာခေါ်.. ဟုတ်ပြီလား"

"ဟုတ်... သာ့ကျဲ"

မင်ယွိ သာ့ကျဲပေးတဲ့ ပစ္စည်းတွေယူလာကာ အိမ်ကို ပြန်လာခဲ့သည်။ ဆန်ဆေးပြီးတော့ အိုးထဲထည့်၊ ငါးခြောက်လေးပါထည့်ပြီး ပလပ်ထိုးလိုက်သည်။

မင်ယွိဟင်းပဲချက်တတ်တာ.... ဒါတောင်အကျွမ်းကြီးမဟုတ်

လျှပ်စစ်က ဘယ်လို အလုပ်လုပ်လဲ မင်ယွိတစ်ကယ့်ကိုမသိ။

အိမ်မှာတုန်းကတော့ ညသန်းခေါင်ဗိုက်ဆာရင် ကိုယ့်ဘာသာကိုယ် ထလုပ်ဖူးပေမယ့် အခုက ဆိုလာပြားရယ်၊ ဘက်ထရီရယ်က ဘယ်လို ဆက်စပ်မှုမျိုးလည်း မသိတော့ ပလပ်ထိုးလည်း အိုးက မီးလင်းမလာ

စောက်ကလေးကို ခွာချရမယ်!! {I Have To Shove That Brat!!!} (Completed)Dove le storie prendono vita. Scoprilo ora