12

3.9K 793 33
                                    

Unicode

ရက်ကိုလစားလို့ သုံးလတောင်ကျော်ခဲ့ပြီ။ နှစ်ဦးသား ဆက်ဆံရေးကတော့ ဒီလိုပါပဲ။

မနက်မိုးလင်းရင် ငါးသွားဖမ်းမယ်။ စောက်ကလေးက အိမ်မှာအေးအေးဆေးဆေးနေခဲ့မယ်။

အေးအေးဆေးဆေးလို့ ပြောရတာ အကြောင်းရှိတယ်။

မီးဖိုခေျာင်လည်း မဝင်ခိုင်းရဲ... သာ့ကျဲဆီကနေ နားအပူခံပြီး ယူစားရတာပါပဲ။

အဝတ်လျော်တာလည်း သုံးထည်လောက်ပြဲကုန်ပြီးမှ သိရတယ်။

သူ့နေရာမဟုတ်တော့ တစ်ကယ့်ကို ဖြုန်းတီးရေးစက်လေး

နတ်ပြည်မှာပဲ နေခဲ့တော့ ငရဲပြည်ရောက်ရင် ဘယ်လိုတုန့်ပြန်ရမလဲ မသိဘူး

တကယ်က ဘဝပေါင်းစုံမှာနေရတာလည်း ပျော်စရာတစ်မျိုးပဲလေ

နတ်ပြည်တက်ရဲမှတော့ ငရဲပြည်လည်း ဆင်းရဲသင့်တာပေါ့ ။

"စာချုပ်ကိုရအောင်ပြန်ချုပ်ရမယ်၊ ဝယ်လက်ကို စျေးလျော့ပေးလိုက်..."

လီဝေ့ ငါးဖမ်းပြီးပြန်လာခဲ့တော့ကြားလိုက်တာ၊ လီဝေ့အမြဲစဥ်းစားခဲ့တာ... စောက်ကလေးက သူ့အိမ်နဲ့ အဆက်အသွယ်တော့ရှိမှာပဲလို့

လက်စသတ်တော့ နာရီကိုး..... နာရီက မိသားစုတံဆိပ်တင်မကဘဲ ဆက်သွယ်ရေးစက်ပါ တပ်ထားတယ်လား

မိုက်သားဟ ကုန်းမိသားစုက......

ကြည့်ရတာ စျေးကွက်လုနေတုန်း လက်စဖြောက်ခံလိုက်ရပုံပဲ။

မချုပ်လိုက်ရတဲ့ စာချုပ်ကို ရအောင်ပြန်ယူမယ်ပေါ့လေ....

တွေးတာလေးက မဆိုးပါဘူး....ဒါပေမယ့်

"ပျင်းစရာကြီး"

"ဗျာ"

စောက်ကလေးက လန့်သွားပုံနှင့် နာရီကို ကမန်းကတန်း ကောက်ဖွက်ရင် ဗျာများနေသည်။

"အဲ့လောက်ကြီး ကြောက်မသွားပါနဲ့.. မင်းနိုးလာကတည်းက မင်းအတိတ်မမေ့မှန်းသိပါတယ်။ အကြောင်းပြချက်တစ်ချို့ကြောင့် လိမ်ထားတယ်ထင်လို့ ငါလက်ခံထားတာပါ။ စိတ်မပူပါနဲ့..."

စောက်ကလေးရဲ့ စိတ်လှုပ်ရှားနေပုံရတဲ့ မျက်နှာက ပြန်ငြိမ်ကျသွားသည်။

စောက်ကလေးကို ခွာချရမယ်!! {I Have To Shove That Brat!!!} (Completed)Donde viven las historias. Descúbrelo ahora