23

3.5K 677 6
                                    

Unicode

ပြန်ရောက်လာတော့ ကိစ္စတွေက တော်တော်ရှင်းကုန်ပြီ။ စောက်ကလေးက ပျော်ပျော်ကြီးလာပြောတယ်။ 

“ပြောပြပါဦး အစည်းကဝေးက ဘာလို့တုန်း”

“အဖိုး အခြေအနေမကောင်းဘူး၊ ပထမအိမ်တော်က သခင်လေးက ဘာကြောင့်လဲတော့မသိ  ကျွန်တော်နဲ့ပူးပေါင်းပြီး၊ အစ်မယောက်ျားကတော့ အဆုံးထိတင်းခံမယ်ထင်ထားတာ၊ ဒါပေမယ့် သူ ရောင်းမှားဝယ်မှား ဖြစ်ပြီးနေရာပျောက်သွားမယ်လို့ ဘယ်သူက ထင်မှာလဲ”

အဟမ်း… ဒီလောင်ဇီလမ်းရှင်းပေးထားတာလေ 

မင်းရဲ့ မီလီယံတန် စာချုပ်အတွက် လျှော်ကြေး

“ အခုက ကျွန်တော်ရဲ့ နောက်ဆုံး ခလုတ်ဖြစ်နေတာ A နိုင်ငံက ကုမ္ပဏီတစ်ခုက အရမ်း ကန့်လန့်တိုက်နေတယ်။ ဘာမှ လှုပ်ရှားလို့မရဘူး။ ကျွန်တော်က Aနိုင်ငံရဲ့ သတ္တုရိုင်းလိုတာ ဒီပရောဂျက်အတွက်….ဒါပေမယ့် သူက ကျွန်တော်တို့ရဲ့ သတ္တုရိုင်းနဲ့ ဒဲ့လဲမယ်ချည်းပြောနေတာ။ လိုမှန်းသိလို့ အကျပ်ကိုင်နေတာကွာ ကိုကိုရာ…. စျေးက အကွာကြီးကို၊ ကျွန်တော် အလိုက်ပေးမယ်ပြောတာလည်းမရဘူး။”

ပြောရင်းနဲ့ မျက်မှောင်က တစ်ဖြည်းဖြည်း ကြုံ့လာသည်။ တော်တော်လေးကို အခက်တွေ့နေပုံပဲ

နားလည်ပါတယ်…. ပရောဂျက်မအောင်ရင်က အထင်သေးခံရမယ်,... တောင်းဆိုတာ လိုက်လျောလိုက်ရင်လည်း…. အရှုံးပေါ်မယ်.. အဆင်မပြေဘူး။

ဘယ်နည်းရွေး‌ရွေး နာမည်ပျက်မှာက ပျက်မှာပဲ။

“တစ်ခြားကုန်သည်တွေရော…”

“တစ်ခြားကုန်သည်တွေကိုပါသူက စည်းရုံးပြီးလက်ဝါးကြီး အုပ်ထားတာ”

“ဘယ်လောက်ပဲ လက်ဝါးကြီး အုပ်အုပ် လက်ကြားထဲကနေ လျှံထွက်လာတာတွေရှိမှာပဲ။ မင်းသူတို့ကို လိုက်ရှာပြီးပြီလား”

“ပြီးပြီကိုကို လုံးဝမလောက်ဘူး။ ကျွန်တော်လိုအပ်တာရဲ့ တစ်ရာပုံတစ်ပုံတောင်မရှိဘူး”

စောက်ကလေးကို ခွာချရမယ်!! {I Have To Shove That Brat!!!} (Completed)Où les histoires vivent. Découvrez maintenant