25

3.4K 666 2
                                    

Unicode

အသုဘပြီးတော့ နောက်တစ်ပတ်အကြာမှာ ကျောက်စိမ်းသခင်လေးရဲ့ ကုန်းမိသားစုကို ဆက်ခံကြောင်း ပွဲလုပ်ခဲ့တယ်။

အဲ့ဒီအချိန်မှာတော့ လီဝေ့ဟာ ကျောက်စိမ်းသခင်လေးရဲ့ စေ့စပ်ထားသူဖြစ်နေပြီ။

သူများတွေ ကျောက်စိမ်းသခင်လေးလို့ ခေါ်နေကြပေမယ့် လီ‌ဝေ့အတွက်ကတော့ ကားနောက်ဘက်ကနေ လိုက်မစီးတတ်တဲ့ စောက်ကလေးပါပဲ

စောက်ကလေးက လီ‌ဝေ့ကို ကုမ္ပဏီအကြီးအကဲတွေ၊ စီးပွားမိတ်ဖက်တွေနဲ့ မိတ်ဆက်ပေးခဲ့တယ်။

မိတ်ဆက်နေရင်းတန်းလန်းနဲ့ စောက်ကလေးက လီဝေ့ကို တစ်နေရာကို ရည်ညွှန်းပြီးပြောတယ်။

“ကိုကို ဟိုဘက်တစ်ယောက်က သတ္တုရိုင်း ကိစ္စမှာ ကြိုးကိုင်သူပဲ…. မိတ်ဆက်ပေးမယ် လိုက်ခဲ့”

စောက်ကလေး ခေါ်ရာလိုက်သွားတော့ မမြင်ချင်‌တော့တဲ့ မျက်နှာနဲ့သွားဆုံတယ်။

ဟုတ်တယ်… သတ္တမမြောက်ရည်းစား

လီဝေ့အသာတကြည် ပေးခဲ့တဲ့ ကုမ္ပဏီကို သူ့နာမည်ပြောင်းပစ်ခဲ့တာ

ပြောင်းပြောင်းပေါ့ ထွေးပြီးသား တံတွေးကို ပြန်မျိုလေ့မှမရှိဘဲ

သူ့နောက်က ပါလာတဲ့ အတွင်းရေးမှူးက လီဝေ့ကို မသိမသာ ခေါင်းညိတ်နှုတ်ဆက်သည်။

“ဘယ်သူများလဲလို့…. ငါ့ရည်းစားဟောင်းပဲ ဒါကြောင့်မို့ သတ္တုရိုင်း ကိစ္စမှာ ငါတို့ရှုံးခဲ့တာကိုး”

လူကြားသူကြားထဲမှာ မတိုးလှတဲ့ အသံနဲ့မို့ လူအားလုံးရဲ့ အာရုံက ဒီဘက်ရောက်လာသည်။

လီဝေ့စိတ်ပျက်သွားပေမယ့် ဘာမှမပြော

“တကယ့်စီးပွားရေး နတ်ဘုရားကြီးက တိုင်ပတိုင်ပေရောက်နေတာကိုး”

လီဝေ့ သည်းခံနိုင်ပေမယ့် စောက်ကလေးက သည်းခံနိုင်ပုံမပေါ်တော့ 

စောက်ကလေးကို ခွာချရမယ်!! {I Have To Shove That Brat!!!} (Completed)Donde viven las historias. Descúbrelo ahora