10

4K 777 21
                                    

Unicode

ညက မသိသာခဲ့ပေမယ့် မနက်မိုးလင်းတော့ နေက မျက်နှာတည့်တည့်ကို ထိုးတာ...

သဘာဝတရားကြီးက ချမှတ်စရာမလိုတဲ့ နိုးစက်ပါပဲ။

လီဝေ့ အရင်နိုးလာပေမယ့်စောက်ကလေးက အိပ်ကောင်းတုန်း။

"ရှောင်ယွီ ထတော့.... ငါတို့ ဒီနေ့မြို့တက်ရမှာ... ပြင်စရာရှိတာ ပြင်ရမယ်"

နိုးလိုက်တော့ အိပ်မှုန်စုံမွားနဲ့ နိုးလာသည်။

"မောနင်း ကိုကို‌ရှောင်ဝေ့ အဖျားကျသွားပြီလား"

"အင်း အိမ်ပြန်ကြမယ်"

အိမ်ပြန်လမ်းတစ်လျှောက်မှာ စောက်ကလေးက တစ်ခုခုတွေးနေဟန်....

"မင်း ဘာစဥ်းစားနေတာလဲ"

"ကျွန်တော် ဘာဝတ်ရမလဲ"

ဟုတ်သားပဲ... သူ့ကိုဘာဝတ်ခိုင်းရမလဲ အင်္ကျီက အဆင်ပြေပေမယ့် အောက်ပိုင်းက အဆင်ပြေမနေ...

အာ...အကြံရပြီ။

"မင်း ဒီမှာ ခနစောင့်"

ပြောပြီးထွက်လာခဲ့တဲ့ ဦးတည်ရာက ဦးလေး ဖန်းဆီ။

"ဦးလေးဖန်း...အင်္ကျီငှား"

"ဟေ"

ရောက်ရောက်ခြင်း​ပြောလိုက်သည့်စကားကြောင့် ကြောင်တောင်တောင်ဖြစ်သွားသော ဦးလေးဖန်းကို ပြန်ရှင်းပြရသည်။

"ဒီနေ့ စောက်ကလေးကို မြို့ခေါ်သွားမလို့ ကျွန်တော့အဝတ်တွေက သူနဲ့မတော်ဘူးလေ။ အဲ့ဒါ ဦးလေးဖန်း ငှားပေးပါဦး"

"အေ..အေး ငါပေးလိုက်မယ်"

ဦးလေးဖန်းဆီက အဝတ်ရလာပြီးတဲ့နောက်မှာတော့ စောက်ကလေးဆီပြန်လာ 'ရော့ အင့် ဝတ်' လို့ သုံးလုံးထဲပြောပြီး ပစ်ပေးခဲ့သည်။

ဝတ်ပြီးထွက်လာတဲ့ စောက်ကလေးပုံစံက အဖိုးကြီးအို ပေါက်စ....

ကျောက်စိမ်းသခင်လေးလို့ ပြောရင် ဘယ်သူမှယုံမှာမဟုတ်

အင်းလေ.... ဦးလေးဖန်းက အသက်ကြီးပြီကိုး....

"ရော့ ဒီဦးထုပ်ဆောင်း... ကားပေါ်မှာနေပူမှာ"

တကယ်က သူကွက်ကြားရိပ်ထားတဲ့ ဆံပင်တွေကို အားနာနေတာ

စောက်ကလေးကို ခွာချရမယ်!! {I Have To Shove That Brat!!!} (Completed)Donde viven las historias. Descúbrelo ahora