27 (Final)

4.6K 679 6
                                    

Unicode

အားဟောက်ပေးလာသော ဖုန်းနံပါတ်တစ်ခုကို ကောက်ဆက်ရင်း အပွိုင့်မန့်ယူလိုက်သည်။

ပတ်ဝန်းကျင်က ရှင်းရှင်းလင်းလင်းရှိသည်။ အလင်းရောင်ကောင်းသောကြောင့် ရှုပ်နေသောစိတ်များတောင် ရှင်းသွားသည်။ အဖြူစွတ်သော ဆင်စွယ်‌ေရာင် အခန်းအပြင်အဆင်က အထက်တန်းဆန်ပေမယ့် နွေးထွေးမှုတစ်ချို့လည်း ရှိသည်။

ပြောရတာသာရှည်နေတာ...ရှင်းရှင်းပြောရရင် စိတ်ပညာရှင်တစ်ယောက်ရဲ့ ဆွေးနွေးခန်း..

ဖြစ်ပျက်နေတာတွေကို သေချာရှင်းနိုင်ပါ့မလား မသေချာပေမယ့် သူကတော့ ဒီရောက်နေပြီး သူ့မျက်စိရှေ့က လူကို ကြည့်နေသည်။

သူ့ရှေ့က အသက် ငါးဆယ်လောက်ရှိသည့် လူက ရှပ်အဖြူနဲ့ စတိုင်ပန်ကို ဝတ်ထားပြီး မျက်နှာမှာ အပြုံးသေးသေးလေးနဲ့ နွေးနွေးထွေးထွး ကြည့်နေသည်။

"အင်း ပြောပြပါဦး မစ္စတာ လီ"

"ကျွန်တော် အခုကောင်လေးနဲ့ အဆင်မပြေဘူး"

"ဘာလို့ မပြေတာလဲ"

"ကျွန်တော် သူ့ကို မယုံလို့"

"ဘာလို့ မယုံတာလဲ"

"အရင်ကလည်း ကျွန်တော် ပြသနာပေါင်းစုံရှာခဲ့တာပဲ။ သူဘာမှမဖြစ်ဘူး။ ဒီတစ်ခေါက်မှ သူပေါက်ကွဲတာ"

"အင်း... လူတိုင်းမှာ နောက်ဆုံးအမှတ်ဆိုတာရှိတယ်။ မစ္စတာက သွားထိမိတာဖြစ်မယ်။ ဒါထက် ဆရ့ မေးခွန်းမဖြေရသေးဘူးနော်။ ဘာလို့ မယုံတာလဲ"

"ကျွန်တော် သူ့‌ေရှ့မှာ ချစ်သူခုနစ်ယောက်ထားခဲ့ဖူးတယ်။ ရည်းစားမဖြစ်ဘဲ အသည်းကွဲခဲ့ ရတဲ့တစ်ယောက်ပါထည့်တွက်ရင် ခုနစ်ယောက်ပဲ။ အကုန် ကျွန်တော့ကို ထားသွားတယ်။ ကျွန်တော် လူတွေကို ထပ်ယုံတော့မှာ မဟုတ်ဘူး။"

"လူတိုင်းက အဲ့လိုမဟုတ်ဘူး။ လက်တွေတောင် အတိုအရှည်မတူညီကြတာ လူတိုင်းက တစ်မျိုးတည်းဖြစ်မယ်လို့ ဘာလို့ တွေးရတာလဲ။"

စောက်ကလေးကို ခွာချရမယ်!! {I Have To Shove That Brat!!!} (Completed)حيث تعيش القصص. اكتشف الآن