Epilouge

3.9K 659 19
                                    

Unicode

အခုက ရဲစခန်း စစ်ဆေးရေးရုံးခန်းထဲမှာ….

လူစောင့်ပြီးထိုင်နေရတဲ့ ဖီလင်က အရင်က စီးပွားရေးအတွက် နေရာပေါင်းစုံသွားပြီး အလုပ်ပေါင်းစုံလုကပ်တတ်တဲ့ လီဝေ့ကို ပြန်ရသွားသလိုပဲ

ကျောက်စိမ်းသခင်လေးရဲ့ ကြင်ရာဖက်ဆိုတာက စောင့်ကြည့် ကင်မရာတွေအကုန်လုံးကို ပိတ်စေနိုင်တယ်။ ပြီးတော့ ကိုယ်ဘာခိုင်းခိုင်းလုပ်မယ့် ထောင်စောင့်ရဲနှစ်ယောက်ရောပေါ့ 

အင်း စောင့်နေတာ…. ငါ့ရဲ့နောက်ဆုံး ရည်းစား‌ဟောင်းကြီးကို

ဝင်လာတဲ့ ပုံစံကိုက စောက်ခွက်ဖြတ်ရိုက်ချင်စရာ အခွက်မျိုး…. သူ့အကြံအောင်သွားလို့ မြောက်ကြွ မြောက်ကြွဖြစ်နေပုံပဲ။

“‌သြော် လူနှစ်ယောက်ပါခေါ်ထားတာပဲ။ ငါ့ကို အကြမ်းနည်းသုံးမယ်ဆိုရင် မဖြစ်နိုင်ဘူးနော်၊ ငါက M သမားလေ”

“အမှုတွဲဖြုတ်ပေးမယ်”

“ဘယ်လို”

“ဒီအသိုင်းအဝိုင်းထဲမှာ ငါဘယ်လောက်လုပ်နိုင်စွမ်းရှိလဲဆိုတာ မင်းသိပါတယ်”

“မင်း ဒီစကားတေွကို ဒီလူနှစ်ယောက်ရှေ့ပြောရဲတယ်”

ပြောရဲတာပေါ့ ငါ့နောက်မှာ စောက်ကလေးတစ်ယောက်လုံးရှိနေတာကို

“အပိုတွေမပြောဘူး။ ၂ခုဖြုတ်ပေးမယ်”

နှစ်ခုဟာ အနှစ်လေးဆယ်နဲ့ ညီမျှတယ်၊

“မဟုတ်ရင် မင်းမလုပ်တဲ့ အမှုတွေပါ ငါကောက်ထဲ့လို့ရတယ်၊ နှစ်လေးဆယ် အထဲမှာ M လုပ်မလား အပြင်မှာနေမလား ရွေးလေ…. အချိန်တော့ မရှိဘူး မြန်မြန်ရွေး”

“ဘာလို့ ယုံရမှာလဲ”

“ငါအခုချိန်အထိ ဒီလိုနေရာမှာထိုင်နေနိုင်တာ တစ်ချက်ပဲရှိတယ်။ အပေးအယူ မဖျက်လို့”

“ကောင်းပြီ အဲ့ဒါဆို ဖုန်းဖွင့်လိုက်တော့”

ရီကောဒင်းလုပ်ပြီးတော့ သူကျေနပ်သွားကာ ပြုံးလိုက်သည်။

“ရီကောဒင်းတစ်ခုထဲနဲ့ သူ့ကို ချုပ်နိုင်မယ် မထင်ဘူးနော်”

စောက်ကလေးကို ခွာချရမယ်!! {I Have To Shove That Brat!!!} (Completed)Opowieści tętniące życiem. Odkryj je teraz