Extra (Warning 🚨)

6K 703 72
                                    

သူတို့ First time ကို skip လိုက်တာရယ်.... ဒီလောက်ဖတ်ပေးကြလိမ့်မယ်မထင်ထားတာရယ်ကြောင့် မမျှော်လင့်ထားဘဲ ဒီ Extra ရေးလိုက်ပါတယ်။

စောက်ကလေးက အလုပ်တွေရှုပ်နေတယ်။ အလုပ်တွေရှုပ်လွန်းလို့ လီဝေ့ကိုတောင် အချိန်ကောင်းကောင်းမပေးနိုင်ဘူး။

လီဝေ့မကျေနပ်ပါဘူးနော်...

စောက်ကလေးကို အလုပ်ခိုင်းနေတဲ့ အဲ့ဒီ ရှယ်ယာရှင်ဆိုတဲ့ အဖိုးကြီးတွေကို လီဝေ့မကျေနပ်တော့ဘူး။

လီဝေ့သိပါတယ်။ အခုသူတို့ကိုင်နေရတဲ့ ပရောဂျက်က ကြီးတယ်ဆိုတာ...

အကြီးကြီးနဲ့ အမြတ်များများကျန်တာလိုချင်ရင် သူတို့ဘာသာလုပ်လေ... ဘာလို့ လီဝေ့ရဲ့စောက်ကလေးခေါင်းပေါ်ပဲ ပုံချနေရတာတုန်း...

လီဝေ့တွေးရင်းနဲ့ စောက်ကလေးကို သတိရလာတာကြောင့် စောက်ကလေးရှိရာ ကုမ္ပဏီကို ထွက်လာလိုက်သည်။

"မင်းတို့ ဆရာရှိလား"

စောက်ကလေးက လီဝေ့မရှိတော့ အတွင်းရေးမှူးတစ်ယောက်ခန့်ထားသည်။ ခပ်ချောချောမိန်းကလေး... ဒါပေမယ့် အလုပ်ကို သေချာလုပ်တတ်သူမို့ စောက်ကလေးရဲ့ လက်ရုံးတော့ဖြစ်လာသည်။

လီဝေ့မေးလိုက်တော့ အတွင်းရေးမှူးလေးက ဖြေရခက်သလို ခေါင်းကုက်လာသည်။

"ရှိတော့ ရှိပေမယ့်လေ... ဟို..."

"ဝင်သွားလို့ရလား"

လီဝေ့နည်းနည်းထူးဆန်းသွားကာ ထပ်မေးလိုက်သည်။ တကယ်တော့ စောက်ကလေးက လီဝေ့ကိုဆို တံခါးမရှိဓားမရှိ ဝင်ထွက်ခွင့်ပေးထားပြီးသား...

အတွင်းရေးမှူးက ဘာမှပြန်မဖြေဘဲ မချိပြုံးပြုံးပြတော့ လီဝေ့အူကြောင်ကြောင်ပဲ ဝင်သွားလိုက်ရော... အထဲမှာတော့ မြင်ကွင်းတစ်ခုက ဆီးကြိုနေတယ်။

အင်း... မဆိုးပါဘူး... စောက်ကလေး ပေါင်ပေါ်ရောက်နေတဲ့ မဒီချောလေးတစ်ယောက်..

ဘယ်ဖြစ်နိုင်မှာလဲ စောက်ကလေးက ဂေးနေတာကို

စောက်ကလေးက လီဝေ့ဝင်လာတာမြင်တော့ ကမန်းကတန်း တွန်းချတယ်။ ပျိုမဒီကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပုံနဲ့....

စောက်ကလေးကို ခွာချရမယ်!! {I Have To Shove That Brat!!!} (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ