02

5.9K 918 75
                                    

Unicode

ကုန်းပိုးခေါ်လာသည့်လမ်းမှာမှသတိထားမိတာက ထိုကောင်လေးက သူ့ထက်အရပ်ရှည်သည်။ လေးလည်းလေးသည်။ ကွန်အလေးကြီးတွေ ဆွဲလေ့မရှိတဲ့ လီဝေ့သာဆိုရင် သယ်နိုင်မယ်မထင်။

လျှောက်နေကျလမ်းကတောင် ယခုလူတစ်ယောက်ကို ကျောပေါ်တင်ပြီး လျှောက်ရတော့ ပိုဝေးနေသလိုပင်။ အစက ဇောနဲ့မို့မောနေသော်လည်း လေးလို့လေးနေမှန်း သတိမထားမိခဲ့။ ဒါပေမယ့်ကြာလာတော့ တော်တော်လေးလာပြီ။

ကျောပေါ်ကတစ်ဆင့် သူ့ဘယ်ဘက် ပုခုံးပေါ်ခေါင်းတင်ထားသော ထိုလူသား၏ အသက်ရှုသံ ဖျော့ဖျော့က လီဝေ့နားထဲကို ကျီဆယ်နေသည်။

ဖော့ခ်....ယားကျိကျိနဲ့....

လျှောက်နေတုန်းတစ်ချက်ယိုင်သွားတော့ အကြည့်တွေက ပုခုံးပေါ်ကနေ ကျော်ကျနေသည့် လက်ဖြူဖြူနှစ်ဖက်ကို သတိထားမိသည်။ နေမထိလေမထိ လက်မျိုး။ ဖြူဖျော့နေပေမယ့် ကျောက်စိမ်းလို ကြည်လင်ကာ သွေးကြောတစ်ချို့က ထောင်တက်နေသည်။

Veins တွေက လီဝေ့ရဲ့ Fetish တွေ... အရမ်းကြီးတော့မဟုတ်ပေမယ့် အခွင့်အရေးရှိလို့ ကိုင်ခွင့်ရှိရင် ကိုင်ချင်နေတာမျိုး..... စိတ်မထင်ရင် ကိုက်ကိုကိုက်ပစ်ချင်တာ။

လက်ကနေ လီဝေ့ရဲ့ အာရုံကို ဆွဲဆောင်ခဲ့တာက အခုထိတစ်ချက်ချက်နဲ့ သွားနေဆဲနာရီ...

ရေထဲကျလာတာ ဒီလောက်ကြာလာတာတောင် နာရီက ရပ်မသွား။ ဘယ်လောက်တောင် ကောင်းတဲ့နာရီလဲ?

ခြေတစ်လှမ်းကို နာရီတစ်ချက်နှုန်းနဲ့ အရုံစိုက်ကာ မြန်မြန်သွားနေမိသည်။

ဒါတောင် လီဝေ့ အိမ်က ကမ်းခြေနဲ့ပိုနီးသည်။ ခြေတံရှည်ကောင်လေးကို အိမ်ပေါ်တရွတ်ဆွဲခေါ်လာရတယ်။ ပျော်သလောက်နေပြီး ဒဏ်ရာကျက်ရင် ပြန်ထွက်သွားဖို့ စီစဥ်ထားထာမို့ အိမ်က တစ်ယောက်အိပ်အခန်းလေးနဲ့ မွေ့ယာပဲရှိတယ်။ ဒီစောက်ကလေးကို ဘယ်မှာ သိပ်ရမလဲသူမသိသေးဘူး။

အဲ့မှာ သိပ်လိုက်ရင် သူက ဘယ်မှာ အိပ်ရမှာတုန်း။ လောကီလောက နဲ့ အဆက်အသွယ်ဖြတ်ထားချင်ပါတယ်ဆိုမှ ချီးထုပ်တစ်ကောင်ကို အိမ်ပေါ်ခေါ်တင်လာတယ်။ ပြီးမှ တစ်ဖက်က သာ့ကျဲဆီအပြေးတပိုင်း သွားရင်းအော်လိုက်ရသည်။

စောက်ကလေးကို ခွာချရမယ်!! {I Have To Shove That Brat!!!} (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ