Chapter 1001 : ကံကြမ္မာအလှည့်အပြောင်း
နဉ်ရှုခင်မျာ ယောကျ်ားတစ်ယောက် ဖြစ်သွားရတဲ့ အမှန်တရားကြီးကို လက်ခံလိုက်ရုံကလွဲ ရွေးစရာ မရှိတော့ဘူး။ ဒီလို ဖြစ်တာ ဘယ်နှစ်ကြိမ်ရှိပြီလဲ။ သုံးကြိမ်. . . ။ နဉ်ရှု တွေးမိလာတယ်။ 2333 က အစမ်းသပ်ခံ ထုတ်ကုန်များလား။ မဟုတ်ရင် ဘာလို့ ခဏခဏ နေရာလွဲ ကူးပြောင်းနေမိမှာလဲ။
အသက်ရှင်ဖို့ ကြိုးစားနေရတာနဲ့တင် ငါလေးက အမောဆို့နေပြီ။ ဒီလို system မျိုးနဲ့သာဆို ကံဆိုးပါတယ်ဆိုမှ အနောက်ကနေ မိုးပါ လိုက်ရွာချနေသလိုပဲ။
ဒါပေမယ့်လည်း သူမရဲ့ သေဆုံးခဲ့ရမှုကြောင့် ဒီ system ကို လက်ခံခဲ့လိုက်ရတယ်။ နဉ်ရှု ဒုက္ခရောက်တုန်းကလည်း 2333 ကပဲ သူ format ချခံရနိုင်တဲ့ ကပ်ဘေးကြီးကိုတောင် အမှုမထားဘဲ နဉ်ရှုကို ကူညီပေးခဲ့တယ်။ နဉ်ရှု အဲ့အတွက် အတော်လေး ကျေးဇူးတင်မိဆဲပဲ။ ဒါပေမယ့် အဲ့ဒါနဲ့ပဲ နဉ်ရှုက အနှီ 2333 ဟာ ချီးထုပ်ဆိုတာကို မျက်နှာလွှဲခဲပစ် လုပ်ထားလို့ မရဘူး။
နဉ်ရှု ပတ်ဝန်းကျင်ကို သုံးသပ်လိုက်တယ်။ သူမက ရုံးခန်းငယ်လေးထဲမှာ။ ပြတင်းပေါက်ကနေတဆင့် အပြင်ဘက်က ရုံးခန်းကျယ်ထဲမှာ သွားလာလှုပ်ရှားနေတဲ့ ဝန်ထမ်းတွေကို လှမ်းမြင်နေရတယ်။
နဉ်ရှု ခံစားမိတယ်။ ဒီခန္ဓာကိုယ်က သုံးစားမရဘူး။ သူမရဲ့ လည်ပင်းက ခြောက်သွေ့နေပြီး သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက လေတစ်ချက်တိုက်တာနဲ့ လွင့်သွားတော့မလိုပဲ။ နဉ်ရှု အရမ်း အိပ်ငိုက်နေတယ်။ ဒီခန္ဓာကိုယ်ပိုင်ရှင်က အလုပ်ထဲ ခေါင်းစိုက်နေခဲ့တာပဲ ဖြစ်ရမယ်။
နဉ်ရှု ရေသွားခပ်လိုက်ကာ သူမရဲ့ လည်ချောင်းထဲက ခြောက်ကပ်နေမှုကို ဖြေရှင်းလိုက်ပြီး နားထင်ကို နှိပ်နယ်လိုက်တယ်။ သူမရဲ့ ခေါင်းက နာကျင်မှုကြောင့် ပေါက်ထွက်တော့မလိုပဲ။
သူမရဲ့ လက်ရှိအခြေအနေက တော်တော်ဆိုးဆိုးပေမယ့် ဇာတ်ကြောင်း လက်ခံဖို့ရာ လိုအပ်နေပြီမို့ လက်ခံမှပဲ ရတော့မယ်။
မူလပိုင်ရှင်ရဲ့ အမည်က ရွှီဝမ်လန် ဆိုတဲ့ ရှေ့နေတစ်ယောက်။ မကြာခင်မှာ အမှုတွဲတွေ ရှိလာတော့မှာ ဖြစ်ပြီး အဲ့အမှုကြောင့်ပဲ သူ ရက်ပေါင်းများစွာ အလုပ်လုပ်ခဲ့ရလေတယ်။ သူက ညလုံးပေါက်တောင် အလုပ်လုပ်နေခဲ့သေး။
![](https://img.wattpad.com/cover/269113432-288-k708707.jpg)
YOU ARE READING
နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode
ActionQuick Transmigration Cannon Fodder's Record of Counterattacks (Ning Shu)