1008

1.6K 269 1
                                    

အခန်း ၁၀၀၈ - ဒီလောက်ထိ တစ်ခါမှ အိပ်ချင်စိတ် မဖြစ်ဖူးဘူး။

အဖေရွှီက မျက်မှောင်ကြုံ့သွာလေးတယ်။

“တစ်ခုခု ဖြစ်ထားတာလား?၊ အဲ့မိန်းကလေးနဲ့ တစ်ခုခုများ ဖြစ်ထားလို့လား

“အဖေ၊ ဘာရယ်လည်း မဟုတ်ပါဘူး။ ကျွန်တော် နည်းနည်းပင်ပန်းနေလို့၊ အရင်သွားနားနှင့်တော့မယ်။”

နဉ်ရှုက နားထင်ကို နှိပ်နယ်လိုက်တယ်။ သူမ စိတ်ရော၊ ကိုယ်ရော ပင်ပန်းလှပြီ။

“ကျွန်တော် အခုလေးတင် အမှုရင်ဆိုင်လာခဲ့ရတာမို့ မောနေပြီ”

“ဒါဖြင့် သွားနားချေတော့” အဖေရွှီက ကပျာကယာပဲ ပြောလိုက်တယ်။

“ရေချိုးပြီး ကောင်းကောင်းသွားအိပ်တော့”

နဉ်ရှုက အဝတ်တွေကို ပြန်ကောက်ယူလိုက်ပြီး အခန်းထဲ ပြန်လာခဲ့တယ်။ ရေချိုးပြီးသွားတော့ သူမ အိပ်ယာပေါ်ထိုင်လိုက်ပြီး ကိုယ်ခံပညာလေ့ကျင့်ဖို့ရာ အစပျိုးလိုက်တယ်။ သူမ အာရုံစိုက်ဖို့ ရှိသေး၊ ဖုန်းမြည်သံကြောင့် အနှောင့်အယှက်ဖြစ်သွားတယ်။

နဉ်ရှုက အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားလေတယ်။ နှလုံးသားထဲက ဒေါသတရားကို ထိန်းချုပ်ထားလို့ မရတော့လို့ ပေါက်ကွဲထွက်မလာအောင် စိတ်နှလုံးကြည်လင်စေတဲ့ ဂါထာကို ရွတ်မှရတော့မယ်။ သူမ ဖုန်းကိုင်လိုက်တော့…၊ တွေ့လိုက်ရတာက …ရှရှောင်မန်ပဲလား။

နဉ်ရှု ဖုန်းချလိုက်ဖို့ကို နည်းနည်းလေးတောင် တွေဝေမနေတော့ဘူး။ တကယ်ကို စိတ်ရှုပ်စရာပဲ။ သူက ဒီလို နေ့တိုင်း ဖုန်းခေါ်နေတာ။ ဒီလိုသာဆို သူတို့က လမ်းခွဲထားတဲ့ အတွဲတွေ ဖြစ်ပါတော့မလား။

ပြီးတော့ သူမက အမြဲတစေ တစ်ဖက်မှာ ငိုနေတတ်ပြန်သေးတာ။ အသံနဲ့တင် စိတ်ရှုပ်စရာပဲ။

သူမ လေ့ကျင့်တာ အနှောင့်အယှက် ဖြစ်သွားကတည်းက နဉ်ရှု အိပ်ဖို့ပဲ ဆုံးဖြတ်လိုက်တော့တယ်။ အစကတည်းက ခေတ်သစ်ကမ္ဘာမှာ ဝိညာဉ်စွမ်းအား အလုံအလောက်မရှိတာမို့ လေ့ကျင့်ဖို့က ခက်ခဲနေပြီ။ ဝိညာဉ်စွမ်းအင်တွေ စုဆောင်းဖို့ဆိုတာက အတော်လေးကို မဖြစ်နိုင်တဲ့ ကိစ္စသာဖြစ်ပြီး ကောင်းကင်ဘုံနိယာမအရ ဖိနှိပ်ထားတဲ့ သက်ရောက်မှုတွေလည်း ရှိနေပြန်သေးတယ်လေ။

နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode Where stories live. Discover now