အခန်း ၁၀၄၃ - တရားရုံးအဝင်ဝမှာ ထပ်တွေ့ကြပြန်ပြီ။
ချူရှောင်ရန်မှ အစိုးရ၏ညွှန်ကြားချက်များအား ဖီဆန်ခြင်းဟာ အစိုးရ၏အာဏာစက်အား ကျယ်ပြန့်လာစေသလို၊ ကုန်ပစ္စည်းဈေးနှုန်းတို့အားလည်း သင့်တင့်မျှတသော ပမာဏသို့ ဖြစ်သွားစေခဲ့သည်။ ဒီလိုနဲ့ဆို ချူမိသားစုဟာ ကျိန်းသေပေါက် ကျဆုံးတော့မည်။
ချူမိသားစုကို ဖယ်ရှားဖို့ဟာ အမှန်တကယ်ကို လိုအပ်လှပေသည်။
နဉ်ရှုက ချူရှောင်ရန်က သူ့ရဲ့ချမ်းသာသမျှကို နိုင်ငံအပြင်ဘက်သို့ လွှဲပြောင်းလိုက်မည်ကို စိုးရိမ်နေခဲ့သည်မို့ အစိုးရကို ချူရှောင်ရန်၏ပိုင်ဆိုင်မှုတွေကို စစ်ဆေးဖို့ရာ အကြံပြုခဲ့သည်။
ချူရှောင်ရန်အား တီမြို့တော်မှာပဲ ဒေဝါလီခံစေလိုက်ပြီး၊ တစ်ခြားတစ်နေရာမှာ ဘဝကို မွေ့လျော်နေခွင့်ပေးဖို့ စိတ်ကူးမရှိပါချေ။
သူမရဲ့တိုက်ပွဲခေါ်သံကို စတင်လိုက်ပြီဆိုမှတော့ ချူရှောင်ရန် နာလန်ပြန်မထူနိုင်အောင်ထိ လုပ်ရမည်လေ။
အစိုးရကလည်း ဒီအသားတုံးကြီးကို အလွတ်မပေးချင်ပေ။ ဒါ့ကြောင့် သူတို့ကျိန်းသေပေါက် စုံစမ်းစစ်ဆေးခဲ့သည်။ ဒါပေါ့။ ဒီကိစ္စကို စစ်ဆေးဖို့ဆိုတာ ပိုင်ဆိုင်မှုစီမံခန့်ခွဲရေးနှင့် ကြီးကြပ်ရေးကော်မတီကလည်း ကိုယ်တိုင်ကိုယ်ကျဖြင့်... ချူရှောင်ရန်ရဲ့ကုမ္ပဏီရန်ပုံငွေတည်နေရာကို စစ်ဆေးခဲ့သည်။
စောင့်ကြည့်နေတဲ့အောက်မှာ ချူရှောင်ရန်က သူ့ရဲ့ပိုင်ဆိုင်မှုတွေကို ရွှေ့ပြောင်းချင်ရင်တောင် သူ မလုပ်နိုင်ပေ။ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို လွဲပြောင်းခြင်းအား မိသွားပါက သူ့ရဲ့တရားခွင်၌ ပြစ်မှုထပ်တိုးသွားမည်လေ။
လောလောဆယ်အခြေအနေ၌ လူတိုင်းဟာ ချူရှောင်ရန်အား မျက်စိဒေါက်ထောက်အပြစ်ရှာကာ စုတ်ဖြဲချင်နေကြ၏။
နဉ်ရှုက ရုံးချိန်းကို တည်တည်ငြိမ်ငြိမ်ဖြင့်ပင် စောင့်နေသည်။ သူမ လိုအပ်သမျှကို ပြင်ဆင်ပြီးသွားခဲ့ပြီ။
YOU ARE READING
နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode
ActionQuick Transmigration Cannon Fodder's Record of Counterattacks (Ning Shu)