1010

1.6K 273 1
                                    

အခန်း : ၁၀၁၀ - အဖြေကို လိုချင်တယ်။

“သားက ဘာလို့ အဲ့လောက် တဇွတ်ထိုးနိုင်ရတာလဲ။ ဒါက ကလေးကစားစရာ မဟုတ်ဘူးနော်။ အမေတို့မိသားစုတွေက အိမ်နီးနားချင်းတွေလေ၊ အမေတို့က နေ့တိုင်း တွေ့နေရမှာ။ ဒီကိစ္စက အားလုံးကို နေရခက်သွားစေလိမ့်မယ်။ အိမ်နီးနားချင်းတွေအားလုံးက သားတို့နှစ်ယောက်က လက်ထပ်တော့မယ်ဆိုတာပဲ သိထားကြတာ။ အခုတော့ သားက လက်မထပ်တော့ဘူးလို့ ပြောနေတယ်။ ရွှီမိသားစုတွေတော့ မျက်နှာပျက်ပါပြီ။ နှစ်နှစ်ဆယ်ကြာ ခင်မင်မှုကလည်း သွားပြီပဲ။”

အဖေရွှီကတော့ မျက်မှောင်ကြုံ့သွားလေတယ်။

“သားက အဲ့မိန်းကလေးနဲ့ တူတူကြီးပျင်းလာတာ၊ အချင်းချင်းလည်း ကောင်းကောင်းသိကြတယ်။ ဘာတွေအဲ့လောက် အခြေအနေဆိုးနေလို့ လမ်းခွဲလိုက်ကြရတာလဲ?”

နဉ်ရှုရဲ့ နှုတ်ခမ်းတွေက လှုပ်ရှားသွားတယ်။ သူမ ပြန်ပြောတော့မယ် အချိန်မှာပဲ တံခါးဘဲလ်က လျင်လျင်မြန်မြန်ပဲ စတင်မြည်လာခဲ့တယ်။ အမေရွှီက တံခါး သွားဖွင့်ပေးလိုက်တယ်။

တံခါးခေါက်တဲ့သူကတော့ ရှရှောင်မန်ရဲ့ မိခင်ပါပဲ။ ရှရှောင်မန်ရဲ့အမေက ရှရှောင်မန် ရုန်းကန်နေတဲ့ကြားထဲက အထဲကို ဆွဲခေါ်လာတယ်။ သူမက ဧည့်ခန်းထဲ တန်းသွားပြီး နဉ်ရှုကို စိတ်ဆိုးမာန်ဆိုးနဲ့ စတင်မေးခွန်းထုတ်ပါတော့တယ်။

“ဝမ်လန်၊ သားက ဘာလုပ်လိုက်တာလဲ? ဘာလို့ ရှောင်မန်နဲ့ လမ်းခွဲလိုက်ရတာလဲ?”

ရှရှောင်မန်က ရှက်သလို ခံစားလိုက်ရပြီး သူမရဲ့ မျက်နှာက ဖြူလျော်လာပါတော့တယ်။ သူမ တကယ်ကို ရှက်နေမိပြီ။ သူမ နဉ်ရှုဆီ တစ်ချက်ဝင့်ကြည့်လိုက်တော့ နဉ်ရှုရဲ့ အေးစက်တဲ့မျက်နှာကို မြင်လိုက်ရတာမို့ သူမရဲ့မိခင်ကိုပဲ အပြင်ဆွဲခေါ်ထုတ်ဖို့ ကြိုးစားလိုက်တယ်။

“အမေ၊ သမီးက လမ်းခွဲဖို့ ထုတ်ပြောတဲ့သူပါ။ အစ်ကိုဝမ်လန်နဲ့ ဘာမှ မဆိုင်ပါဘူး။ အမေ၊ သမီး တောင်းပန်ပါတယ်။ ပြန်ကြရအောင်ပါ။ ပြန်ရောက်မှာ ဘာဖြစ်လို့လဲ ပြောပြပါ့မယ်။”

နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode Where stories live. Discover now