အခန်း ၁၀၂၁
နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ၏ စံတော်ချိန်ကွာခြားမှုကြောင့် နဉ်ရှုသည် ရက်ပေါင်းအတော်ကြာ နွမ်းနယ်ပန်းလျနေခဲ့ရ၏။ သူမ ပြန်သက်သာလာသည့်အခါတွင်တော့ တီမြို့တော်တို့ သွားရန် အစီစဉ်ချလိုက်သည်။ အမေရွှီမှ နဉ်ရှုဟာ တီမြို့တော်သို့ သွားမည်ဖြစ်ကြောင်း ကြားတော့ သူမက တွန့်ဆုတ်စွာနှင့်ပင် မေးလာ၏။
"ရှရှောင်မန်ကို သွားတွေ့ဖို့လား... သား"
နဉ်ရှု၏မျက်နှာ၌ ရုတ်တရက်သိရှိမှု၏ အရိပ်အယောင်တို့နှင့် ပြည့်သွားသည်။
"အမေ၊ အမေသာ မပြောလာရင်၊ ကျွန်တော် မှတ်မိမှာ မဟုတ်ဘူး။ ကျွန်တော်က အရင်ဘော့စ်နဲ့ လုပ်ဖော်ကိုင်ဖက်တို့နဲ့ သွားတွေ့ဖို့။ ရှရှောင်မန်နဲ့ တွေ့မိရင်တောင် အဲ့ဒါက ဘာမှရေးကြီးခွင်ကျယ်လည်း မဟုတ်ပါဘူး"
နဉ်ရှု နိုင်ငံခြားမှာတုန်းက ချူရှောင်ရန်နှင့် ရှရှောင်မန်တို့ကြား ဘာတွေဖြစ်နေခဲ့လဲကို အာရုံမရှိခဲ့ပါချေ။ သို့ပေမယ့် နောက်ထပ် အာရုံမစိုက်ဖြစ်တဲ့ အကြောင်းအရင်းကတော့ သူမ၌ သတင်းရရန် နည်းလမ်း မရှိတာကြောင့်မို့ပင်။ ဒီတစ်ခေါက် တီမြို့တော်သို့ နဉ်ရှု လာရောက်ရသည့် အဓိကအကြောင်းအရင်းမှာကား ထိုသူနှစ်ဦး ဘာတွေ ဘယ်လို ဖြစ်ပျက်နေပြီလဲဆိုတာ လာစူးစမ်းခြင်းပင်။
ကားဖြင့် နာရီအနည်းငယ်ကြာ မောင်းလာပြီးနောက်မှာတာ့ နဉ်ရှု တီမြို့တော်သို့ ရောက်လာခဲ့၏။ ပထမဆုံး သူမ အလုပ်လုပ်ခဲ့သည့် ရုံးမှ ဘော့စ်ဆီသို့ သွားလည်ပတ်ခဲ့ပြီး နှစ်ယောက်သား ထမင်းတစ်နပ်ပင် အတူတူ စားဖြစ်ခဲ့သည်။ ဘော့စ်က နဉ်ရှုအား အမေးရှိလာ၏။
"ပြန်ရောက်လာပြီဆိုတော့ ဘာအစီစဉ်များ ရှိထားသေးလဲ?"
ဘော့စ်က နဉ်ရှုအား ပြန်ဖိတ်ခေါ်ရန် အစီအစဉ်မရှိကြောင်း နဉ်ရှု ရိပ်စားမိလိုက်သည်။ သူက ခြိမ်းခြောက်ခံထားရတုန်းဆိုတာ ရှင်းနေတာပါပဲ။
နဉ်ရှုက ပြန်ဖြေလိုက်သည်။
"လောလောဆယ်...လက်ထဲ ငွေနည်းနည်းရှိလို့ ဥပဒေ လုပ်ငန်းလေးများ စလုပ်မလားလို့ပါ"
YOU ARE READING
နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode
ActionQuick Transmigration Cannon Fodder's Record of Counterattacks (Ning Shu)