၁၀၁၅ - မင်းက ကြမ်းတာကိုမှ ကြိုက်တာလား?
( ၁၆+ ကိုယ့်ဘာသာကိုယ် သတိပေးလိုက်ရပါတယ်။ အသက်မပြည့်ပါက မဖတ်ပါရန်)
နတ်ဆိုးတစ်ပါးနဲ့တူတဲ့ ချူရှောင်ရန်ကို ကြည့်နေတဲ့ ရှရှောင်မန်ရဲ့ မျက်နှာထက်မှာ စိတ်ပျက်မှု၊ အကြောက်တရားတွေနဲ့ ပြည့်နှက်နေလေတယ်။
“ရှင် ဘာလို့ ကျွန်မကို ဒီလို လုပ်တာလဲ? ဘာလို့လဲ? ဒါကနေ ဘာရဖို့ ကြိုးစားနေတာလဲ? ချူရှောင်ရန်၊ ကျွန်မကိုသာ သတ်လိုက်ပါတော့လား”
“ငါက မင်းကို ဘာလို့ သတ်ရမှာလဲ? ငါ မင်းကို ပြောပြီးသွားပြီ။ မင်းက ငါ့ရဲ့အိမ်မွေးကောင်လေးပဲ။ ငါမင်းကို ငြီးငွေ့သွားတာနဲ့၊ ငါမင်းကို လွှတ်ပေးလိုက်မှာ။ ဒါပေမယ့် အခုလောလောဆယ်တော့ မင်းရဲ့ အရသာကို တော်တော်လေး အကြိုက်တွေ့နေတယ်။"
ချူရှောင်ရန်က ပေါ့ပေါ့တန်တန်ပဲ ပြန်ဖြေလာတယ်။ ချူရှောင်ရန်က သူမရဲ့ ခေါင်းလေးကို ပုတ်ပေးလိုက်ပြီး
“လိမ်လိမ်မာမာနေပြီး ငါ မင်းကို ငြီးငွေ့တာပဲ ထိုင်စောင့်နေလိုက်။ ငါ့ကို ပြဿနာ လာမပေးနဲ့။ အိမ်မွေးတိရစ္ဆာန်တစ်ကောင် လုပ်သင့်တဲ့အတိုင်း နာခံစမ်းပါ။ မဟုတ်ရင် မင်းရဲ့လက်သည်းတွေကို ညှပ်လိုက်ရုံကလွဲပြီး တစ်ခြားနည်းလမ်း မရှိတော့ဘူး။”
ရှရှောင်မန် တောင့်တင်းသွားတယ်။ အဲ့ဒီနောက်မှာ သူမက ချူရှောင်ရန်ကို အားနဲ့ ပါးနှစ်ချက် ရိုက်လိုက်တယ်။
“ချူရှောင်ရန်၊ ရှင်က လူမဟုတ်ဘူး။ ရှင်က လူမဟုတ်ဘူးပဲ?”
ချူရှောင်ရန်က အားပြင်းပြင်းနဲ့ ရိုက်ခံရတာမို့ သူ့မျက်နှာက တစ်ဖက်ကို လည်သွားတယ်။ သူက ကောက်ကျစ်တဲ့ အပြုံးတစ်ပွင့်နဲ့ အရိုက်ခံလိုက်ရတဲ့ သူ့မျက်နှာကို ထိလိုက်ပြီး မျက်ခုံးတစ်ဖက်ကို ပင့်လို့ ရှရှောင်မန်ထံ ကြည့်လာတယ်။
“ငါမင်းကို စိတ်ကျေနပ်အောင် မလုပ်ပေးလို့လား။ အရမ်း အငြိုးထားတာပဲ”
“ရှင်က အရှက် မရှိဘူးပဲ။ အရှက်မရှိလိုက်တာ”
ရှရှောင်မန်က ဒေါသတွေ ထွက်လွန်းလို့ ငိုတောင် ချမိလုနီးပါးပဲ။
![](https://img.wattpad.com/cover/269113432-288-k708707.jpg)
YOU ARE READING
နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode
ActionQuick Transmigration Cannon Fodder's Record of Counterattacks (Ning Shu)