1039 - Unicode

1.4K 291 24
                                    

အခန်း - ၁၀၃၉ -တရားမဝင်ကလေး ဖြစ်လာလိမ့်မလား?

ရှရှောင်မန် ကိုယ်ဝန်ရှိတဲ့ကိစ္စက တကယ်တမ်းမှာ သတင်းကောင်းတစ်ခုဆိုပေမယ့် ဆိုးတာက… အခြေအနေနဲ့ အချိန်အခါ မမှန်ကန်နေတာပင်။ အကယ်၍ ဒီသတင်းဟာ ချူရှောင်ရန်က အောင်မြင်မှုတွေနဲ့ မော်ကြွားနေတဲ့အချိန်မှာဆိုရင်တော့ ဒါက သတင်းကောင်းတစ်ခုပဲ ဖြစ်လိမ့်မည်။ သို့ပေမယ့် အခုအချိန်ကာလ၌ ချူရှောင်ရန်ဟာ စိုးရိမ်သောကနဲ့ တစ်သားတည်းဖြစ်လို့နေသည်။

ရှရှောင်မန်ရဲ့နှလုံးသားထဲမှာ ချူရှောင်ရန်က ဘာမဆို လုပ်လိုက်နိုင်တဲ့ပုံစံမျိုး၊ မည်သည့်ပြဿနာကိုမဆို အလွယ်တကူ ဖြေရှင်းလိုက်နိုင်သည့် ပုံရိပ်မျိုးဖြစ်သည်။ နောက်ဆုံးတော့လည်း ရှရှောင်မန်က ချူရှောင်ရန်ရဲ့အခြေအနေအလုံးစုံကို ပြည့်ပြည့်ဝဝ နားမလည်ပါချေ။

ဒါပေမယ့် သိတဲ့အတိုင်းပဲ… ရှရှောင်မန်က ဒီလိုကိစ္စတွေကို နားလည်စရာမှ မလိုအပ်ပါပဲလေ။ သူမရဲ့အလုပ်ကိုသာ လုပ်ရန်လိုအပ်သည်။ ချူရှောင်ရန်နဲ့ ပွဲတွေတက်ဖို့၊ သူမရဲ့ခန္ဓာကိုယ်ကို သုံးပြီး၊ သူတို့ရဲ့ခံစားချက်တွေ ပေါက်ဖွားလာအောင် လုပ်ဖို့လိုမျိုးတွေပေါ့။

ရှရှောင်မန်က ချူရှောင်ရန်ရဲ့ဘေးမှာ ဘာမှ လုပ်စရာမလိုပေ။ သူမက ချူရှောင်ရန်အား အတူအိပ်ရန် စောင့်နေဖို့သာလို၏။

“ကျွန်မ ရှင့်ကို တစ်ခုပြောဖို့…”

ရှရှောင်မန်က ဝမ်းနည်းနည်းနှင့်ပင် ပြောလိုက်သည်။

“ဒါပြောပြီးတာနဲ့ ကျွန်မ ပြန်ပါ့မယ်”

ရှရှောင်မန်ရဲ့စကားမဆုံးခင်မှာပဲ ချူရှောင်ရန်က စကားဖြတ်ကာ ပြောလိုက်သည်။

“ဘာ? မင်းက ငါ့စကားကို နားမထောင်တော့ဘူးပေါ့? မင်းကို ပြန်လို့ ပြောပြီးပြီလေ။”

ရှရှောင်မန်ရဲ့မျက်ရည်တွေက ချက်ချင်းဆိုသလို လျှံကာ စီးကျလာတာမို့ သူမက မျက်ရည်ကို ကတိုက်ကရိုက်သုတ်ရင်း ကုမ္ပဏီကနေ ပြေးထွက်သွားလိုက်တော့သည်။ သူမ ဆုံးဖြတ်လိုက်ပြီ။ ချူရှောင်ရန်ကို ကိုယ်ဝန်အကြောင်း ထပ်ပြောတော့ဘူး။

နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode Where stories live. Discover now