1042 - Unicode

1.5K 336 13
                                    

အခန်း ၁၀၄၂ - ပျောက်သွားပါတော့...လစ်ပါတော့...။

နဉ်ရှု ချက်ချင်း လှုပ်ရှားနေခြင်းကို ရပ်တန့်လိုက်ကာ တံခါးဘက်သို့ လက်ညှိုးညွှန်ပြလိုက်သည်။

"ပြောတာတော်တော့။ တံခါးကနေ တန်းတန်းမတ်မတ်သာ ထွက်သွားလိုက်ပါတော့။ နောက်ပြန်လှည့်မကြည့်နဲ့။ ခြေလှမ်းကို သေချာကြည့်။ လစ်တော့။"

ရှရှောင်မန်ဟာ နှုတ်ခမ်းအား ကိုက်ရင်း နဉ်ရှုအား မေးလာခဲ့သည်။

"အစ်ကိုဝမ်လန်၊ အစ်ကို တကယ်ပဲ ညီမကို ကူညီပေးလို့မရဘူးလား? ညီမရဲ့ကလေးကြောင့်သာ မဟုတ်ရင် ညီမ ဒီကို မျက်နှာပြောင်တိုက်ပြီး မလာပါဘူး။"

နဉ်ရှု စိတ်နှလုံးငြိမ်သက်စေသည့်ဂါထာကို ခိုးရွတ်နေရ၏။ သို့ပေမယ့် သူမရဲ့မျက်နှာပေါ်တွင်တော့ အပြုံးမပျက်ပါချေ။ နဉ်ရှု တစ်လုံးချင်း ပြောလိုက်သည်။

"ငါ တစ်ခြားသူရဲ့ကလေးကို ပျိုးထောင်ပေးမှာ မဟုတ်ဘူး။"

"အစ်ကိုဝမ်လန်၊ အစ်ကို ပျိုးထောင်ပေးစရာမလိုပါဘူး။ ညီမရဲ့ကလေးကို ပျိုးထောင်ဖို့ ညီမ ပိုက်ဆံရှာမှာပါ။ ကလေးကို တရားမဝင်ကလေးအစား တရားဝင်ဇနီးကရတဲ့ တရားဝင်ကလေးဆိုတဲ့ ဂုဏ်လေးပဲ ပေးချင်လို့ပါ။"

ရှရှောင်မန်က သနားစရာကောင်းစွာ ပြောလာ၏။

နဉ်ရှု : ဘလာလာ - ဖာတီလာလာ - မျက်စိရှေ့ကနေ ပျောက်ကွယ်သွားစေတဲ့ မန္တန်ရေ!!! ပျောက်ကွယ်သွားပါစေ... ပျောက်ကွယ်သွားပါစေ... ဒီတစ်ယောက်ကို အဝေးကို မြန်မြန် ထွက်သွားပါစေ !!

"မင်းလက်ထပ်ချင်ရင် ချူရှောင်ရန်နဲ့ သွားလက်ထပ်လေ။ ငါနဲ့ဘာလို့ လက်ထပ်ချင်နေရတာလဲ။ ချူရှောင်ရန်က မင်း သူ့ရဲ့မျိုးစေ့ကို လွယ်ထားပြီး ဒီကိုအပြေးရောက်လာတာရော သိရဲ့လား?"

နဉ်ရှုရဲ့ လောကကြီးပေါ်အမြင်ကတော့ ထပ်ပြီး တစ်ဆင့်တက်သွားပြန်ပါပြီ။

ချူရှောင်ရန်က ကလေးကို သဘောမကျဘူး၊ သူမကို လက်မထပ်ဘူးလို့ ရှရှောင်မန် ဘာကြောင့်ထင်နေသလဲဆိုတာကို နဉ်ရှု နားမလည်နိုင်ပါချေ။

နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode Where stories live. Discover now