အခန်း ၁၀၁၉
ရွှီမိသားစုရဲ့အိမ်အသစ်ဟာ အရင်အိမ်အဟောင်းထက် အနည်းငယ် ပို၍ ကျယ်ဝန်း၏။ သူတို့၏ အရင်အိမ်အဟောင်းထံမှ ရလာသော ငွေကြေးကို အိမ်အသစ်ဝယ်ရာ၌ ထည့်သုံးခဲ့ကြသလို၊ နဉ်ရှုသည်လည်း မိဘနှစ်ဦးအား ပို၍ ကြီးမားသော အိမ်တစ်လုံး ဝယ်ပေးဖို့နိုင်ရန်အတွက် ငွေအနည်းငယ် ထပ်မံ၍ ဖြည့်တင်းလိုက်သည်။ နဉ်ရှု ဖြစ်စေချင်သည်မှာ ရွှီအမေနဲ့အဖေ ပို၍ သက်သောင့်သက်သာရှိသည့် ဘဝမှာ နေနိုင်စေဖို့ပင်။
တာဝန်အပ်နှံသူရွှီဝမ်လန်ဟာ သူ့အဖေနဲ့ အမေက သူတို့နှစ်ယောက် ဆံမဖြူခင်မှာပင် သူ့အား နောက်ဆုံးခရီး လိုက်ပါပို့ဆောင်ခဲ့ရသည့်အတွက် အလွန်တရာကိုမှ အပြစ်ရှိသကဲ့သို့ ခံစားခဲ့ရသည်။ သူဟာ သူ့ရဲ့သားသမီးဝတ္တရားကိုပင် ကျေပွန်ခွင့် မရလိုက်ချေ။
ဒါ့ကြောင့် အခုတော့ နဉ်ရှုဟာ မူလရွှီဝမ်လန်၏ သားသမီးဝတ္တရားအား ကူညီ၍ ထမ်းဆောင်ပေးလိုက်၏။
အိမ်နီးနားပတ်ဝန်းကျင်ဟာ များစွာသော အလှစိုက်ပင်တို့ဖြင့် သာယာလှပပြီး အနားမှာ ဥယျာဉ်လေးပါ ရှိနေသေးသည်။ အချိန်ကြာမြင့်စွာ လက်ထပ်စရိတ်အတွက် ရွှီဝမ်လန်စုဆောင်းခဲ့သော ပိုက်ဆံတစ်ဝက်မှာတော့ အငွေ့ပျံသွားခဲ့လေပြီ။
အဖေရွှီကတော့ အဆက်မပြတ်ကို တော်ကီလွှတ်နေသည်မှာ... အဲ့ဒါက ဖြုန်းတီးတာသက်သက်ပဲတဲ့လေ။ သို့ပေမယ့် အနီးနားရပ်ကွက်၌ ရှိသော လေ့ကျင့်ခန်းပစ္စည်းများနှင့် အဘိုးကြီးတစ်သိုက် ချက်စ်ထိုးနေသည်တို့၊ လေ့ကျင့်ခန်းလုပ်နေသည်တို့အား တွေ့လိုက်ရသောအခါ အတော်လေး ကျေနပ်ပျော်ရွှင်သွားတော့၏။
မိသားစုအား အခြေကျစေရန် လုပ်ပြီးသွားတော့ နဉ်ရှုသည် နိုင်ငံခြားသို့သွားမည့် ကိစ္စများကို ပြင်ဆင်ရင်း၊ ဥပဒေနှင့်ပက်သက်သည့် ပြဌာန်းစာအုပ်အား ပြန်၍ စကြည့်နေလိုက်သည်။ သူမ ကျောင်းနှင့်ပင် ဆက်သွယ်၍ ရသွားခဲ့ပြီ။
နဉ်ရှု ပို၍ ရင်ဖိုနေရသည့် အချက်ကတော့ ထိုနေရာမှ ဘာသာစကားအတားအဆီးပင်။ ဒါ့ကြောင့်ပင် သူမ စတင်၍ လှန်လှောရှာဖွေကာ သင်ယူရပေတော့မည်။
YOU ARE READING
နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode
AksiQuick Transmigration Cannon Fodder's Record of Counterattacks (Ning Shu)